Acknowledgement

3.3K 217 45
                                    

မင်္ဂလာပါ

ကိုကိုနဲ့ခေတ်တို့ရဲ့ "ခိုနားရာ" လေးဟာ ဒီနေ့မှာပဲ completed story လေးတစ်ပုဒ်ဖြစ်သွားခဲ့ပါပြီ။

April 26, 2020 မှာ စတင်ခဲ့တဲ့ "ခိုနားရာ" လေးကို တချို့သောအကြောင်းပြချက်တွေကြောင့် January 3, 2021 မှပဲ ပီပြင်စွာ အသက်သွင်းခွင့်ရခဲ့တယ်။ ဒီနေ့ October 4, 2021 မှာတော့ ပြီးပြည့်စုံတဲ့ဇာတ်လမ်းလေးတစ်ပုဒ်အဖြစ် ဖန်တီးနိုင်ခဲ့ပါပြီ။ ဝိုင့်အတွက် မှတ်တိုင်လေးတစ်ခု စိုက်ထူလိုက်နိုင်ပြန်ပါပြီ။

ဒီအတွက် စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ စာဖတ်သူတွေပေးတဲ့ ခွန်အားနဲ့ ဝိုင် ရှေ့ဆက်ခဲ့ရတာပါ။ ဘယ်လောက်ပဲ ဝါသနာအရ ရေးတယ်ပြောပြော စာဖတ်သူတွေပေးတဲ့အားအင်တွေရဲ့ သက်ရောက်မှုကို ငြင်းလို့မရပါဘူး။

ဒါကြောင့် စာဖတ်သူတို့ကို ကျေးဇူးတင်ကြောင်း ထပ်ပြောပါရစေ။

ကျေးဇူးတင်ပါတယ်။

ထည့်ပေးသွားတဲ့ Reading list လေးတွေကြည့်ရင်း၊ Feedback လေးတွေဖတ်ရင်း၊ ကြယ်ကလေးတွေကို ရေတွက်ရင်း ကိုယ်ဘယ်လောက်အားရှိခဲ့ရတယ်ဆိုတာ ကိုယ်တိုင်သာ အသိဆုံးပါ။

Fic တစ်ပုဒ်ပြီးတိုင်း မဖြစ်မနေ ကျေးဇူးတင်ရတာကတော့ ဝိုင့်ရဲ့ ဂဂျီဂဂျောင်တွေကို သည်းခံပြီး ဝိုင်စိတ်ဓာတ်ကျတိုင်း သွားသွားအီတတ်တဲ့ လူတွေကိုပါပဲ။ နာမည်တွေထုတ်မပြောလည်း ဒီစာကိုဖတ်ရင်း သူတို့ ပြုံးနေပါလိမ့်မယ်။ တစ်ယောက်သောသူကတော့ မျက်ရည်တွေဝဲပြီး ငိုနေမလားပဲ။

ပြီးတော့ "ခိုနားရာ" လေးကို ကိုယ်တိုင်ခံစားပေးတဲ့အပြင် page မှာ အညွှန်းလေးတွေရေးပေးပြီး ပြန်လည်မျှဝေပေးတဲ့ admin တွေကိုလည်း ကျေးဇူးတင်ပါတယ်။

Group တွေထဲမှာ ခေတ်တို့ fic လေးကို လိုက်ရှာနေသူလေးတွေ၊ ပြန်ညွှန်းပေးသူလေးတွေ၊ ဒီဇာတ်လမ်း‌လေးကို ကြိုက်တယ် လို့ ပြောပေးသူလေးတွေကိုလည်း ကျေးဇူးတင်ပါတယ်။

ဝိုင်တို့ အတူတူ မှတ်တိုင်လေးတစ်ခု စိုက်ထူနိုင်ခဲ့ကြပါပြီ။

အခု "ခိုနားရာ" လေး ဇာတ်သိမ်းသွားပြီဆိုတော့ ဇာတ်လမ်းလေးနဲ့ပတ်သက်ပြီး ဝိုင်အများဆုံး အမေးခံရတဲ့မေးခွန်းလေးကို ဖြေပေးပါ့မယ်။

ခိုနားရာ (Completed)Where stories live. Discover now