12

6.2K 547 60
                                    

Unicode

တရိပ်ရိပ်ဖြင့်မောင်းနှင်လာသော ကားလေးသည် စားသောက်ဆိုင်တစ်ခုရှေ့တွင် ရပ်တန့်လိုက်ပြီး ကားပေါ်မှဆင်းလာသည့် လူငယ်လေးခြောက်ယောက်သည်လည်း စားသောက်ဆိုင်အတွင်းမှ လူအများ၏ အာရုံကို ဖမ်းစားလိုက်သည်။ အသက် ၂၅ နှစ်ကျော် ရည်မွန်ဟန်ရှိသည့် လူရွယ်တစ်ယောက်နှင့် အသက် ၂၀ ကျော် လူချောလေးနှစ်ယောက်။ ထို့အပြင် ပတ်ဝန်းကျင်ကိုသာမက တစ်လောကလုံးကိုပင် မျက်လုံးထဲထည့်ဟန်မရှိသည့် ကောင်ငယ်လေးသုံးယောက်။

ကျန်လေးယောက်မှာ မနက်စာကိုသာ အာရုံစိုက်စားနေကြပြီး ကောင်ငယ်လေးကို ချော့မော့ကာ မနက်စာကျွေးနေသည့် လူချောလေးနှင့် ထိုခေါင်းရမ်းငြင်းပယ်နေသည့်ကောင်ငယ်လေးတို့ကတော့ ညီအစ်ကိုများ ဖြစ်ဟန်တူသည်။

"အနီကောင်လေးက ချစ်စရာလေး"

သူတို့အဖွဲ့ ဆိုင်ထဲမှအထွက် ကြားလိုက်ရသည့် စကားသံကြောင့် စေ၏ နှုတ်ခမ်းထောင့်စွန်းတို့ မသိမသာ ကော့တက်သွား၏။ မှန်ပါသည်... hoodie အနီရဲလေးနှင့်ခေတ်လေးသည် အမှန်တကယ်ပင် ချစ်စရာကောင်းပါသည်။ သို့သော် အနှီချစ်စရာကောင်လေး၏ အကြည့်တစ်ချက်ပင် စွန့်ကြဲခြင်းမခံရသည့် ထိုမိန်းမပျိုလေးအားလည်း တည်မြဲစေ သနားကရုဏာသက်မိပါသည်။

"ငါကတော့ သူ့အစ်ကိုပဲ"

စကားသံအဆုံး ပြောလိုက်သည့်မိန်းမပျိုလေးထံသို့ ဒိုင်းခနဲကျရောက်လာသည့် အကြည့်စူးစူးများ။ ထိုမိန်းကလေးမှာ ချက်ချင်းပင် အသက်ရှုရပ်တန့်သွားရပြီး ရှုသွင်းလက်စလေကိုပင် ထွက်သက်အဖြစ် ပြောင်းလဲနိုင်ရန် မစွမ်းသာ။ သူ့သူငယ်ချင်းမလေးပြောသည့် ချစ်စရာလေးမှာ သည်လိုအကြည့်စူးစူးရဲရဲတွေ ပိုင်ဆိုင်ထားသည်တဲ့လား။ အတန်ငယ်ပြည့်နေသည့်ပါးပြင်ဖြူဖြူဖွေးကို အူယားကာ ဖဲ့ပစ်ချင်စိတ်ပေါက်သည့်တိုင် ပေးအပ်လာမည့် လျှပ်စီးကဲ့သို့အကြည့်များကြောင့် အနားသို့ကပ်ရန်ပင် ဝံ့ရဲလိမ့်မည်မဟုတ်။ သူငယ်ချင်းမလေးအတွက် ကရုဏာသက်မိသလို သူ့အစ်ကိုကိုရွေးချယ်မိသည့် ကိုယ့်အတွက်ကိုယ်လည်း နောင်တရမိပါသည်။

ခိုနားရာ (Completed)Where stories live. Discover now