9

7K 675 109
                                    

Unicode

"

ခေတ်.. ထ ထ ကျောင်းနောက်ကျတော့မယ်"



"အာ.. ခဏပဲ ငါးမိနစ် ငါးမိနစ်"



"ခေတ် ထကွာ၊ ငါးမိနစ် ငါးမိနစ်နဲ့ ဘယ်နှခါရှိပြီလဲ"



"ကိုကိုကလည်း.. ငါးမိနစ်ပါဆိုဗျာ"



ခေတ်တို့က ညဘက် ဂိမ်းဆော့နေရလျှင် ဘာသံမျှ မကြားရ။ "စာပြီးရင် ဂိမ်းဆော့ရမယ်" ဟုသာ ပြောလိုက် .. စာလည်း စောစောနှင့် မြန်မြန်ပြီးအောင်လုပ်သည်။ ဂိမ်းထဲရောက်သွားလျှင်တော့ တော်တော်နှင့် အိပ်ခိုင်း၍ မရတော့။ ဂိမ်းဆော့နေရလျှင် သတိုးခေတ်အတွက် အချိန်တွေက ရပ်တန့်နေသလိုပင်.. ညဉ့်နက်သည်လည်းမသိ၊ နောက်ကျသည်လည်းမသိ။ စာကို ညဉ့်နက်ထိ ကျက်ခိုင်းလျှင်သာ တီ,ဆားနှင့်တို့သလို တွန့်တွန့်လူးနေတတ်သည်။ ဂိမ်းဆော့ရမည်ဆိုလျှင်တော့ အမြဲတမ်းတက်ကြွနေသော ခေတ်ပါလေ။



ယခုလည်း ညက ညဉ့်နက်ထိ ဂိမ်းဆော့ပြီး မနက်ကျောင်းသွားရန် အတော်နှိုးယူနေရသည်။ ပြီးလျှင် ပျာယာပျာယာနှင့် လုပ်ဦးမည်။ ကျောင်းနောက်ကျလျှင်လည်း စေကပင် နောက်က လိုက်ရှင်းရဦးမည်။ နှိုးလိုက်တိုင်း "ငါးမိနစ်" နေသည်မှာ ယခုနှင့်ဆို သုံးကြိမ်ရှိပြီ။ အေးအေးဆေးဆေးနှိုးနေ၍ ရတော့မည်မဟုတ်တာကြောင့် ရေချိုးခန်းထဲမှ ရေဇလုံထဲသို့ ရေထည့်ကာ ခုတင်ဘေးယူလာပြီး တဘက်ကို ရေဆွတ်၍ မျက်နှာသစ်ပေးလိုက်မှ အတင်းကုန်းရုန်းထတော့သည်။



"ဟာ ကိုကို.. ဘာလုပ်တာလဲဗျာ.. ထပါ့မယ်ဆို"



"မင်းက ဒီအတိုင်းနှိုးနေလို့မှ မရတာ၊ အဲဒီတော့ ရတဲ့နည်းနဲ့ နှိုးရတာပေါ့"



"ကျစ်"



"သတိုးခေတ် အဲဒါဘာဖြစ်သွားတာလဲ"



"ဘာမှမဖြစ်ဘူး"



ဖတ်တတ်တာပေါ့.. ဤကဲ့သို့ မှုန်သုန်နေသည့်မျက်နှာထားနှင့် ခေတ်အသံတို့၏ ဘာသာစကား.. သူမထချင်‌သည်ကို မရမကထခိုင်း၍ စိတ်တိုသွားသည့် အဓိပ္ပာယ်။ စိတ်တိုလည်း မတတ်နိုင် .. ကျောင်းကိုတော့ အချိန်မီအောင် သွားရမည်။ သူရေချိုးနေစဉ် ကျောင်းဝတ်စုံထုတ်ကာ ခုတင်ပေါ် တင်ထားပေးလိုက်ပြီး စာအုပ်တွေ သေချာစစ်ကာ လွယ်အိတ်ထဲ ထည့်ပေးထားလိုက်သည်။ ရေချိုးပြီးလျှင် မကြီးမငယ်ကလေးဆိုးကြီးအား မနက်စာကို ဆူပူ၍ ကျွေးရပါလိမ့်ဦးမည်။

ခိုနားရာ (Completed)Kde žijí příběhy. Začni objevovat