31

4.7K 428 91
                                    

Unicode

စေသည် နံနက်စာအတွက် ပြင်ဆင်နေပြီး ခေတ်သည် လည်တဆန့်ဆန့်နှင့် ထမင်းစားခန်းပေါက်သို့ လှည့်ကြည့်ကာ သူငယ်ချင်းနှစ်ယောက်ကို မျှော်နေ၏။ ထိုအချိန် တစ်ယောက်နှင့်တစ်ယောက် တွန်းလိုက်တိုးလိုက်ဖြင့် ဝင်လာသည့် သူရိန်နှင့် နေမခ။ စေ မျက်မှောင်ကုတ်ကြည့်လိုက်မှ ကိုယ်ဟန်အနည်းငယ်ပြင်လိုက်ကာ နေရာအသီးသီးတွင် ဝင်ထိုင်ကြ၏။ ထို့နောက် စေပြင်ပေးသော နံနက်စာ ကော်ဖီနှင့် ပေါင်မုန့်မီးကင် စားကြ၏။

"ကိုစေ.. ကျွန်တော်တို့ ဒီနေ့ပြန်တော့မယ်"

စေ ကော်ဖီတစ်ငုံသောက်လိုက်ပြီးနောက်...

"ဘာလို့လဲ။ မနေကြတော့ဘူးလား"

ခေတ်အချိန်တွေကို ဖဲ့မပေးချင်သော်လည်း သူရိန်က ပြန်မည်ပြောသောအခါ ကျန်ခဲ့မည့်ခေတ် ပျင်းနေမှာကို စိတ်ပူမိသည်။

"မနေ့က မေမေ ဖုန်းဆက်တယ်.. ပြန်ခဲ့တော့တဲ့"

"ကျွန်တော်လည်း မာမီ့ဆီလိုက်သွားမယ်"

ခေတ်ကပါ သူရိန်နှင့်အတူ ဝင်ပြော၏။

"ခေတ်က ဘာလို့လိုက်မှာလဲ၊ ကိုကိုလိုက်ပို့မယ် ပြောထားတယ်လေ"

သူရိန်နှင့်နေမခ ခေတ်ကို ပြိုင်တူ ကြည့်လိုက်ကြသည်။ တွေ့လား ငါတို့မပြောဘူးလား ဆိုသည့် အကြည့်မျိုး...။

"ကိုကိုက အားမှ မအားတာကို။ ရောက်နေတာကြာပြီ.. မာမီ့ဆီ မသွားရသေးဘူး"

"ကိုကိုအချိန်ရတဲ့အခါ လိုက်ပို့မယ် ပြောထားတယ်လေ"

သူရိန်နှင့်နေမခသည် နံနက်စာကိုသာ ငုံ့စားနေကြသည်။

"လိုက်မပို့နဲ့တော့၊ ကျွန်တော့်ဘာသာ သွားမယ်"

"မသွားရဘူး"

"သွားမှာ"

အချွဲခံချင်သည့်မာမီနှင့် ကပ်ချွဲမည့်ခေတ်တို့ တွေ့လျှင် ခေတ် တော်တော်နှင့် သူ့ဆီပြန်ရောက်မလာမည်ကို ကြိုသိနေသည်။

"မသွားရဘူး"

ဂွက်

ခေတ် ကော်ဖီခွက်ကို ဆောင့်ချလိုက်ပြီး နံနက်စာဝိုင်းမှ ထထွက်သွားလေ၏။ စေသည်လည်း ခေတ်နောက်သို့ လိုက်သွား၏။

ခိုနားရာ (Completed)Where stories live. Discover now