54

4.5K 310 65
                                    

Unicode

"ခေတ်.. ထမယ်။ အိပ်ရာထချိန်ရောက်ပြီ"

"ခေတ်.. သတိုးခေတ်.. ထမယ်"

"ငါးမိနစ် ငါးမိနစ်"

"မရဘူး၊ ထ"

ညက ကလပ်တွင်ကဲကာ နံနက်သုံးနာရီမှ အိမ်ပြန်ရောက်သည့်‌ခေတ်။ မနက်စောစော အိပ်ရာမထနိုင်သည့်ခေတ်သည် စေ အင်းလျားကန်ဘောင်တွင် ပြေးပြီး အိမ်ပြန်လာသည်အထိပင် မထနိုင်သေး။

"သတိုးခေတ်.. ငါရေချိုးပြီးလို့မှမထရင် ညက အပြစ်နဲ့ပါ အပေါင်းခံရမယ်"

"ထရင်ပြီးရောမလား"

ထိုသို့ပြောပြီး မျက်နှာတစ်ခြမ်းကို ခေါင်းအုံးထဲနှစ်ချလိုက်ကာ တခြားခေါင်းအုံးတစ်လုံးကို ဆွဲ၍ နားပေါ်ဖိထားလိုက်သေးသည်။

ရှိစေတော့။ ရေချိုးခန်းထဲမှ ပြန်ထွက်လာချိန်အထိ မထသေးလျှင် တစ်နေကုန် အနားတွင်ခေါ်ထားတာ မျက်စိဒေါက်ထောက်ကြည့်နေ၍ အပြစ်ပေးလိုက်မည်။

ရေချိုးခန်းတံခါးဖွင့်သံကြားသည်နှင့် ဆတ်ခနဲထထိုင်လိုက်သည့်ခေတ်။ မျက်လုံးအစုံ မပွင့်သေးသော်လည်း တစ်ဖက်ပွင့်တစ်ဖက်ပိတ်အနေအထားနှင့်တော့ ကိုကို့ကို လှမ်းကြည့်နိုင်သေး၏။

"ကိုကို့"

"ထပြီလား"

"လာဦး"

ခေတ် လက်နှစ်ဖက်ကို ဆန့်တန်း၍ ခေါ်လိုက်သည်။ စေသည် ဆံပင်ကို ရေသုတ်နေလျက်...

"မလာဘူး"

သို့သော် လက်နှစ်ဖက်ကို ပြန်မချသေးဘဲ အိပ်ချင်မူးတူးမျက်နှာလေးနှင့် ခေါင်းညိတ်ခေါ်နေသူကြောင့် အနားသို့ လျှောက်သွားကာ ဆန့်တန်းထားသည့် လက်နှစ်ဖက်ကြား ဝင်ရပ်ပေးလိုက်၏။ ခေတ် ကိုကို့ခါးကိုဖက်ကာ ကိုကို့ရင်ဘတ်ပေါ် ခေါင်းမှီတော့ ခေတ်ဦးခေါင်းထက် အနမ်းတစ်ပွင့် ခြွေချလိုက်၏။

"ထတော့"

"အင်း ငါးမိနစ်ပဲ"

ကိုကိုသည် ရေချိုးပြီးစဖြစ်၍ အောက်ပိုင်းကိုသာ တဘက်ပတ်ထားပြီး ခါးအပေါ်ပိုင်းတွင် ဗလာဖြစ်နေသည်။ ခေတ် ပါးအပ်ထားသော ကိုကို့ရင်ဘတ်သည် အေး‌အေးလေးနှင့် မွှေးမွှေးလေး။ ခေတ် ကိုကို့ရင်ဘတ်‌ပေါ် နမ်းလိုက်ပြီး...

ခိုနားရာ (Completed)Where stories live. Discover now