•2•

3.6K 418 17
                                    

2010 , December ;

ရှောင်းကျန့်အသက် 23နှစ် ၊
ဝမ်ရိပေါ်အသက် 17နှစ် ...။

မပြီးပြတ်နိုင်တဲ့ တစ်စုံတစ်ယောက်ကြောင့်နဲ့ ဒီဘီယာဆိုင်ရှေ့မှာ ရှောင်းကျန့်က ရပ်နေခဲ့တာအတော်ကြာပြီ ။

Hello တဲ့ ။
တုံးလိုက်တဲ့ဆိုင်နာမည် ။

"ဘေဘီကလိုက်ရှာနေတာ ..."

"လက်စသတ်တော့ ဒါလင်က ဒီရောက်နေတာကိုး "

သူတောင် သဘောမတူရသေးခင် သူ့လက်မောင်းပေါ်
ပိုင်စိုးပိုင်နင်း ဖက်တွယ်လာတဲ့လက်ချောင်းဖြူဖြုတွေ ။

ကျစ်ခနဲတစ်ချက်အသံပြုလို့ ငဲ့ကြည့်လိုက်တော့
ကပ်တွယ်နေလျက်သား အနီလုံးလေး ။

ကြည့်ရုံနဲ့ယောကျ်ားလေးမှန်း သိသာစေပေမဲ့
ယောကျ်ားလေးနဲ့မတူနေတာတော့ အမှန်ပဲ ။

လည်တိုင်ပေါ်က ခပ်ထင်းထင်းအရာရယ် ၊
ခုနက အသံရှတတရယ်ကြောင့်နဲ့သာပဲ ။ မဟုတ်ရင် .... ။

တွန့်ပြတဲ့မျက်ခုံးတန်းလေးတစ်ဖက်က ဘာသဘောလဲသူသိပါတယ်။
အနီလုံးလေးရဲ့ခါးပေါ် သူ့လက်က အဆင်သင့်ရောက်သွားရတယ် ။

ပိုကပ်သွားတဲ့အနေအထားကြောင့် နေရခက်ပေမဲ့
အနီလုံးလေးကတော့ ထိုကဲ့သို့ဟုတ်ဟန်မတူ ။

"စီ...စီနီယာ ...ဒါက ..."

အ,ထစ် ၊အ,ထစ်နဲ့ အရှေ့ကကောင်မလေးရဲ့အသံ ထွက်လာတယ် ။
မယုံနိုင်ဖွယ်မျက်လုံးတွေကတော့ ​ပုံမှန်ထက်ပြူးကျယ်နေရဲ့။

"ဆောရီးပါ ၊ မင်းမြင်တဲ့အတိုင်းပဲ
ဒါ.. ကိုယ့်ကောင်လေးလေ "

ဘေးကအနီလုံးက ထိုကောင်မလေးကို
နှုတ်ခမ်းတစ်ခြမ်းတွန့်စတိုင်လ်နဲ့ ရယ်ပြလိုက်ပုံပဲ ။

ထိုကောင်မလေးက မျက်နှာကိုလက်နဲ့အုပ်လို့
ချက်ချင်းပဲ ပြေးထွက်သွားတယ် ။

°°°°°°°°°°°

"ဟားဟားး"

ပြေးထွက်သွားတဲ့ကောင်မလေးကို ကြည့်လို့ တဟားဟားအော်ရယ်နေပုံက တကယ်သဘောကျနေဟန်ပဲ ။

နောက်တော့မှ သတိဝင်လာသလိုနဲ့ လက်မောင်းမှာ ဖက်တွယ်ထားတဲ့လက်တွေကို ဆတ်ခနဲ ရုတ်သိမ်းပစ်တယ် ။

BlessingWhere stories live. Discover now