2011, October;
ရှောင်းကျန့်အသက် 24နှစ် ၊
ဝမ်ရိပေါ်အသက် 18နှစ် .....။အချိန်ကြာနေပုံရတဲ့ဒီမီးသီးက ကောင်းမွန်စွာ အလင်းမပေးနိုင်တော့ဟန်ပါပဲ ။ လူနှစ်ကိုယ်စာလမ်းကြားလေးက ဒီမီးရောင်မှိတ်တုတ်မှိတ်တုတ်အောက်မှာ အမှောင်ရိပ်နည်းနည်းခိုနေရဲ့ ။
လုံးဝမမြင်ရတာမျိုးလည်းမဟုတ်သလို သေချာလင်းထင်းနေတာမျိုးလည်းမရှိပြန်ဘူး ။ ဟိုမရောက်ဒီမရောက် ။ အခုနေ သူတို့အခြေအနေလိုပေါ့ ။ အင်း...အဲ့ဒီလိုမျိုးပဲပေါ့ ။
"ကျွန်တော့ကိုလွှတ် ...လွှတ်လို့ !"
လည်ပိတ်ဆွယ်တာအဖြူနဲ့အတူအစိမ်းရောင်ကုတ်အင်္ကျီနဲ့လူကြီးက အနီရောင်လက်ရှည်အကြီးကြီးကို ဖရိုဖရဲဝတ်ဆင်ထားတဲ့ ကောင်လေးကို ဒီလမ်းကြားထဲ အတင်းဆွဲခေါ်လာတာဖြစ်တယ် ။
ထိုလူကြီးက ကောင်လေးဆောင်းထားတဲ့ဦးထုပ်ကို အတင်းဆွဲချွတ်လိုက်တော့ အပြာရောင်ဆံပင်တွေက ဖွာခနဲထွက်ကျလာရဲ့ ။ အပေါ်ကအင်္ကျီအနီကြီးကလည်း ပခုံးပေါ်ကနေ ကျောလယ်ထိလျှောကျလို့ ကောင်လေးက ထိုသို့ကို့ရို့ကားယား ။
"ဝမ်ရိပေါ် !!"
"ဘာလဲ ခင်ဗျားကဘာမလို့ လာအော်နေတာလဲ!!"
လက်ကိုအတင်းဖြုတ်ချလို့ ပြန်အော်တဲ့ဝမ်ရိပေါ်ကို ရှောင်းကျန့်က စိတ်မသက်မသာစွာကြည့်တယ် ။
ဒီကလေးက ဒီအတောအတွင်းအရမ်းဆိုးလာတာပဲ ။ နားမှာ နားကပ်တွေမျိုးစုံနဲ့ လမ်းသရဲစတိုင်လ်တွေဝတ်တယ် ။ ဆံပင်တွေညှပ်ပစ်တယ် ။ ခေါင်းကိုအရောင်တွေမျိုးစုံဆိုးပြီး ခဏခဏလည်း အရောင်တွေပြောင်းသေးတယ် ။ ဟိုတလောကမှ အဖြူရောင်တွေနေရာယူနေခဲ့တာ အခုကျတော့လည်း အပြာရောင်တွေဖြစ်နေနှင့်ပြန်ပြီ ။
သူ့ကိုသေချာစိုက်ကြည့်ပြီး သက်ပြင်းချနေတဲ့ရှောင်းကျန့်ကို ဝမ်ရိပေါ်က ခနဲ့တဲ့တဲ့ရယ်တယ် ။ ဒါကမပြီးသေးတာသေချာတယ် ။ နောက်ထပ်စကားလုံးတွေနဲ့မချိမဆန့်ပြောဆိုဦးမှာ သူသိတယ် ။
"ဟက်..ကျွန်တော့ဘာသာနေတော့လည်း လာရှာတယ်"
"ပြောစမ်းပါဦး ရှောင်းကျန့်ရဲ့
ခင်ဗျားက ဘာဖြစ်ချင်နေတာတဲ့လဲ "
YOU ARE READING
Blessing
Fanfictionမင်းကို ကိုယ့်ဆီရောက်အောင် ပို့ပေးခဲ့တဲ့ ဘုရားသခင်ကို ကိုယ်က တစ်သက်လုံးစာအတွက် ကျေးဇူးတင်နေမိတော့မှာ .... ။