ည 7 နာရီ ~
မီးပွိုင့်က နံပါတ်တွေကို ကြည့်ရင်း ရှောင်းကျန့်က တဖြည်းဖြည်း ချွေးပြန်လာတယ် ။ စီယာတိုင်ပေါ် တတောက်တောက်ခေါက်နေတဲ့ လက်တို့က အခုချိန်မှာ သူ စိတ်မရှည်နေကြောင်းပြတယ် ။ မကြာခင်ပဲ မီးပွိုင့်က အရောင်လေးပြောင်းသွားတာနဲ့ ကားက ဝူးခနဲ ထွက်သွားပါတယ် ။
ကျွီခနဲ ရပ်လိုက်တဲ့ ကားလေးက ရပ်ကွက် ရဲစခန်းလေး တစ်ခုရှေ့ ။ ကားပေါ်က ဝရုန်းသုန်းကားပြေးဆင်းလာတဲ့ အနက်ရောင် suit ဝတ်ထားတဲ့ ရှောင်းကျန့်က တစ်စုံတစ်ခု အရေးကြီးနေပုံ ။
လူသိပ်မများနေတဲ့ ရဲစခန်းထဲကို ရောက်လို့ ဟိုကြည့်ဒီကြည့်ရှာလိုက်တော့ တွေ့ပါပြီ ။ ရှောင်းကျန့်ရဲ့ အသည်းအသက်လေး ။
ကော်ဖီရောင်ဆံနွယ်ပျော့တွေက ပခုံးကျော်ကျော်ကို ဖြောင့်စင်းစွာ ဖြာကျနေတယ် ။ တွန့်ချိုးနေတဲ့ မျက်ခုံးလှလှလေးရယ်နဲ့ အနည်းငယ် ဆူချင်သယောင်ဖြစ်နေတဲ့ နှုတ်ခမ်းပါးတို့က တစ်ခုခုကို သေချာပေါက် အလိုမကျနေဟန် ။
ရဲသားကြီးတွေ ထိုင်နေတဲ့နေရာရဲ့ မနီးမဝေးက အစွန်ဆုံးခုံမှာ ပျင်းတိပျင်းရွဲ အနေအထားနဲ့ သူမက ထိုင်နေတယ် ။ ခုံရဲ့ အောက်ခြေဖြစ်တဲ့ သူမခြေထောက်နားလောက်မှာတော့ လွယ်အိတ် အနက်ရောင်နဲ့အတူ စကိတ်ဘုတ်လေးကို ရဲစခန်းနံရံမှာ ထောင်ထားတယ် ။
သူမကိုတွေ့ပါမှပဲ ရှောင်းကျန့်က သက်ပြင်းတစ်ချက် ချလို့ အနားကို ရောက်သွားရတယ် ။ သူမဘေးနားရောက်လာတဲ့ ရှောင်းကျန့်ကို တစ်ချက်ပဲ ကြည့်လို့ ဟိုဘက်လှည့်သွားတယ် ။
Private School က ကျောင်းဝတ်စုံနဲ့ ရဲစခန်းက ခုံပေါ်မှာ ပျင်းတိပျင်းရွဲ ထိုင်နေတဲ့သူမက ဘာအပြစ်မှ မလုပ်ထားသယောင် ။ အဲ့ဒီအစား မော့ကြည့်လာတုန်းက မြင်လိုက်ရတဲ့ သူမ မျက်နှာဆီက ပွန်းရာတွေကသာ ရှောင်းကျန့်ရင်ကို မီးမြှိုက်နေသလို ဖြစ်သွားခဲ့တာ ။
ရှောင်းကျန့် အခုချိန်လေး အတွင်းမှာကို သက်ပြင်းချရတာ ခဏခဏရှိနေပြီ ။ သူမက တကယ်ပဲ ဆိုးလိုက်တာ ။
သာမာန်ထက် ပိုတိုနေအောင်ဝတ်ထားတဲ့ စကတ်နဲ့ ဖရိုဖရဲ ထိုင်နေတဲ့သူမကို ရှောင်းကျန့်က တစ်ခွန်းပဲ ကပ်ပြောလို့ ရဲသားကြီးနား ထွက်သွားတယ် ။
YOU ARE READING
Blessing
Fanfictionမင်းကို ကိုယ့်ဆီရောက်အောင် ပို့ပေးခဲ့တဲ့ ဘုရားသခင်ကို ကိုယ်က တစ်သက်လုံးစာအတွက် ကျေးဇူးတင်နေမိတော့မှာ .... ။