[ Warning : Adult scenes ]
ပိုမိုကျယ်လောင်စွာ ရွကျလာတဲ့မိုးသံတွေဟာ မီးပြင်းဖိုထဲကို ထပ်ကာပစ်ထည့်လိုက်တဲ့ လောင်စာတွေလိုပဲပေါ့ ။ ဘယ်သူက ဦးဆောင်မိလိုက်မှန်းမသိပေမဲ့ မျက်စိဖွင့်ကြည့်မိလိုက်တဲ့ အချိန်ခဏအတွင်းမှာတော့ သူတို့နှစ်ယောက်သားဟာ ကုတင်နားကိုရောက်နေမိပြီ ။
ခပ်ဖြည်းဖြည်းမြင့်တက်လာခဲ့တဲ့ အခန်းအပူချိန် ၊ တစ်ကိုယ်လုံးကို လက်မောင်းတွေကြားမှာ ရစ်ပတ်ခံထားရတဲ့ ခံစားချက် ၊ စိုထိုင်းထိုင်းအဝတ်တွေနဲ့အတူ တဟုန်းဟုန်းတောက်လောင်လာတဲ့ စိတ်ခန္ဓာနှစ်ခု ၊ နှုတ်ခမ်းထဲက လျှာတစ်ခုလုံးရဲ့ ထူပူနေတဲ့အထိအတွေ့ ၊ အေးစက်နေဆဲ လက်ဖျားခြေဖျားတွေ ၊ ပြီးတော့..သူ့ကိုချစ်မြတ်နိုးတဲ့..သူကလည်းပဲ တွယ်တာရတဲ့ ဒီလူ..။
ဝမ်ရိပေါ် အနီးဆုံးက မျက်တောင်စိပ်စိပ်တွေကို ငေးကြည့်မိနေရင်း အဲ့ဒီနောက်မှာပဲ သူ့နှလုံးသားလေးက မီးနဲ့တွေ့ရတဲ့ ဖယောင်းလိုမျိုး ပျော့ပျောင်းလာခဲ့တယ် ။ ထိုမျက်တောင်တွေဟာ လှုပ်လာခဲ့ပြီး သူ့ရဲ့ အတွင်းပိုင်းအထိ ထိုးဖောက်မတတ် စိုက်ကြည့်လာတဲ့နောက် ကောင်းကင်က တော်တော်စိတ်ဆိုးနေခဲ့သလိုပဲ ။ မိုးတွေက ထပ်ပြီး သိပ်သည်းစွာ ရွာချလာလေတယ် ။ ထိုအချိန်မှာပဲ ဝမ်ရိပေါ်ဟာ ကြယ်အစုအဝေးဆီက ရုန်းထွက်ဖို့ မဖြစ်နိုင်တော့မှန်း သေချာသွားတယ် ။ နောက်မှာတော့.. သူ့ရဲ့ မျက်လုံးတွေကို ယုံယုံကြည်ကြည် မှိတ်ပစ်လိုက်တော့တာပါပဲ ။
လုံလောက်တယ် ။ ဒီလူပဲ ဖြစ်ရင်ရပြီမို့ သူနဲ့ယှဥ်ရင် အရာအားလုံးက အဆင်ပြေကောင်းပါတယ် ။ အဆုံးမှာ တစ်ပုံစံတည်း ထပ်ပြီးနာကျင်ရမယ်ဆိုရင်တောင်လည်းပေါ့ ။
ပူးကပ်နေတဲ့မျက်နှာ နှစ်ခုက တစ်ခဏတာ ကင်းကွာသွားတဲ့နောက် အခန်းထဲမှာ အသက်ရှူသံပြင်းပြင်းတွေဟာ တစ်ဆက်တည်းပျံ့ နှံ့လာခဲ့တယ် ။ ဝမ်ရိပေါ်ဟာ အိပ်ရာပေါ်မှာ ဖိချထားခြင်းခံရတယ် ။ ရှောင်းကျန့်က သူ့ရဲ့ အပေါ်မှာ အုပ်မိုးလျက်ရှိနေပြီး အကြည့်တို့ဟာ သာမန်နဲ့မတူပဲ ရီဝေမိန်းမောနေတာ သိသာတယ် ။ သူရဲ့ မျက်သားကြည်ကြည်လေးထဲမှာ ဝမ်ရိပေါ်ရဲ့ နီရဲနေတဲ့မျက်နှာလေး ရှိတယ် ။
YOU ARE READING
Blessing
Fanfictionမင်းကို ကိုယ့်ဆီရောက်အောင် ပို့ပေးခဲ့တဲ့ ဘုရားသခင်ကို ကိုယ်က တစ်သက်လုံးစာအတွက် ကျေးဇူးတင်နေမိတော့မှာ .... ။