•4•

3K 372 15
                                    

2012, March ;

ရှောင်းကျန့်အသက်25နှစ် ၊
ဝမ်ရိပေါ်အသက် 19နှစ် ...။

ဘေးမှာထောင်ထားတဲ့ စကိတ်ဘုတ်က ကိုယ်တိုင်ဆေးမှုတ်ထားမှန်းသိသာတယ် ။ ဒါပေမဲ့ အစီအစဥ်တကျရှိမနေတဲ့ဒီအရောင်တွေက ထူးဆန်းစွာကြည့်ကောင်းနေတာဟာလည်း ထိုသူကိုချီးကျူးရမယ့်ပုံပါပဲ ။ အခု ဘတ်စ်ကားဂိတ်မှာ ဝမ်ရိပေါ်တစ်ယောက်တည်း...။

ကိုကိုကမဆိုးနဲ့တော့ဆိုလို့ ဝမ်ရိပေါ်က ဒီနောက်ပိုင်းမဆိုးတော့ဘူး ။ အင်း...မဆိုသလောက်လေးပေါ့ ။

ဆံပင်အရောင်တွေခဏခဏမပြောင်းဖြစ်တော့ဘူး ။ ဒါပေမဲ့ အရောင်တွေကတော့ တစ်မျိုးစီ သူ့ခေါင်းပေါ်ရောက်လာနေတုန်းပဲ ။ အချိန်ခဏလေးနဲ့ဟိုဟိုဒီဒီလျှောက်မလုပ်ဖြစ်တော့တာပဲရှိတာ ။

နားကနားကပ်တွေကိုရော ရှုပ်ရှက်ခတ်နေအောင် မဝတ်တော့ဘူး ။ အဲ့ဒီအစား တစ်ခုဆိုတစ်ခု သေးသေးလေးတွေပဲ ဝတ်တယ် ။

အဝတ်အစားဖရိုဖရဲတွေကိုလည်း တတ်နိုင်သရွေ့ ရှောင်တယ် ။ အရေးကြီးတဲ့ အခုလိုမျိုး သူတို့နှစ်ယောက်ဒိတ်လုပ်တဲ့နေ့မျိုးဆို ကို့ရို့ကားယား ဖြစ်မနေအောင် ဂရုတစိုက်နဲ့ဝတ်တယ် ။ ဒါပေမဲ့ တစ်ခါတစ်လေ ညဘက်ဘော်ဒါတွေနဲ့အပြင်ထွက်ရင်တော့ ဖုန်တက်နေတဲ့ဂျင်းပြဲတွေဟာ သူ့ကိုယ်ပေါ်ပြန်ရောက်လာတာပါပဲ ။

ဆိုင်ကယ်စီးတာ ၊ စကိတ်စီးတာတို့ကိုတော့ လုံးဝလက်မလွှတ်နိုင်တာမို့လို့ တစ်ပတ်လောက်အသေအကြေ ညှိနှိုင်းခဲ့ကြပြီးနောက် 'ကိုယ့်ကိုယ်ကိုသေချာဂရုစိုက်ပါ့မယ်´ ဆိုတဲ့ ကတိအထပ်အထပ်နဲ့ ကိုကို့ခွင့်ပြုချက်ကို လဲလို့ရခဲ့လိုက်တယ် ။

ဒါ့ကြောင့်ဒီနေ့မှာလည်း ဝမ်ရိပေါ်က ဂျင်းပြဲတွေ၊ နားကပ်တွေအစားဂျင်းဘောင်းဘီရှည်နဲ့sweatshirtနက်ပြာရောင်လေးကိုပဲ ဒီတိုင်းလေးဝတ်လာခဲ့တယ် ။ စကိတ်ကတော့ ဘယ်လိုပါလာခဲ့မှန်း သူတောင်မသိဘူး ။ သူထင်တယ် ။ သူ့စာအုပ်ကြီးကတော့ ထုံးစံအတိုင်း ကုတ်အရှည်ကြီးနဲ့ပဲ ရောက်လာဦးမှာ ။

ဒိတ်လုပ်ကြမယ်ဆိုပြီး သူတို့ရွေးချယ်လိုက်တဲ့ဒီနေ့က ထင်ထားသလို သာယာတဲ့ရာသီဥတုနဲ့တော့ဖြစ်မနေဘူး ။ မိုးအုံ့နေတာမှ ချက်ချင်းပဲ ရွာချတော့မယ့်အတိုင်း။ဒါပေမဲ့ ကိစ္စတော့သိပ်မရှိပါဘူး။ သူတို့နှစ်ယောက်အတွက်တော့ ဒီရာသီဥတုက အဓိကမှ ဟုတ်မနေတာပဲ ...။

BlessingWhere stories live. Discover now