2019 , January ,
တရားရုံးမှာတွေ့ကြမယ်ဆိုတဲ့ စကားကို ဝမ်ရိပေါ်က အလကားပြောခဲ့တာမဟုတ်ဘူး ။ တကယ်ကို တစ်ပတ်လောက်အကြာမှာ ရှောင်းကျန့်ဆီ ရှေ့နေကတစ်ဆင့် စာရောက်လာတာ ။
ထိုစောင့်နေတဲ့တစ်ပတ်အတွင်းမှာ 'ကျွန်တော့ကို ကွာရှင်းပေး´ဆိုတဲ့ စကားကို မရေမတွက်နိုင်အောင်ပြောပြီး ရှောင်းကျန့်ကလည်း 'ဟင့်အင်း လုံးဝပဲ´ ဆိုတဲ့စကားကို လက်ကိုင်ထားရင်း သူတို့ ရန်ဖြစ်ကြတာဟာလည်း အကြိမ်ကြိမ် ။ နေ့နေ့ညည ။
အဲ့လိုနဲ့ ဝမ်ရိပေါ်က နောက်ဆုံး ဒီနည်းလမ်းကို သုံးတော့တာပဲ ။ ရှေ့နေက 'ဒါ သူ့အမှုသည် ဝမ်ရိပေါ်က ဆောင်ရွက်ခိုင်းလိုက်တာတွေပါ´ ဆိုပြီး စာအိတ်တွေ ၊ စာရွက်တွေ အထပ်ထပ်နဲ့ သူ့ရုံးခန်းထိ ရောက်လာခဲ့တယ် ။ ကောင်းကောင်းမွန်မွန် ကွာရှင်းမပေးရင် တရားရုံးမှာပဲ စကားပြောမယ်ဆိုတာအထိ ၊ ကလေးစောင့်ရှောက်ခွင့်တွေကိုပါ ထိပါးလာရင် ဖောက်ပြန်တဲ့သက်သေတွေကို တရားသူကြီးရှေ့ အရောက်ပို့မှာ ဆိုတာမျိုးတွေပေါ့..။
ဝမ်ရိပေါ် ရဲ့ မာနကြီးတာနဲ့အကြောတင်းတာကို ရှောင်းကျန့် သိထားပြီးသား ။ ဒါပေမဲ့.. ဝမ်ရိပေါ်က သူ့ကို ဒီလိုမျိုးစွန့်ပစ်ဖို့ တွေးလိမ့်မှာကိုသာ ရှောင်းကျန့်က မသိခဲ့တာ ။
••••
"ဒါဘာသဘောလဲ ဝမ်ရိပေါ် ! "
အင်း..။ ဒီအတောအတွင်း ငယ်တို့ ၊ ကိုကိုတို့ နာမ်စားတွေပျောက်သွားတယ် ။ ဝမ်ရိပေါ်က နေ့တိုင်းနေ့တိုင်းမှာ နတ်ဆိုးတစ်ကောင်လို သောင်းကျန်းပြီး ရှောင်းကျန့်ကတော့ ထိုအချိန်တိုင်း မိစ္ဆာတစ်ကောင်လိုမျိုး ကြမ်းတမ်းတယ် ။
အနည်းငယ်ကြီးတဲ့ စာအိတ်အဖြူကို စားပွဲပေါ်ပစ်ချရင်း ရှောင်းကျန့်က မေးလိုက်တယ် ။ သမီး ညနေ ကျောင်းပြန်လာရင် စားဖို့အတွက် ပူတင်းလုပ်နေတဲ့ ဝမ်ရိပေါ်က မထုံတထေးမျက်နှာနဲ့ လုပ်လက်စကိုဆက်လုပ်နေရင်း ,
"ကွာရှင်းဖို့ကိစ္စလေ"
"ဝမ်ရိပေါ် !! "
ဝမ်ရိပေါ် သုံးပြီးသားကြက်ဥ အခွံတွေကို အိတ်နဲ့စုထည့်လိုက်ပြီး အမှိုက်သွားပစ်ဖို့ လုပ်လိုက်တယ် ။ ခုနလေးတင် ရှောင်းကျန့် အော်သံကို မကြားသလိုပုံစံမျိုးနဲ့ ။ ပြီးတော့..
YOU ARE READING
Blessing
Fanficမင်းကို ကိုယ့်ဆီရောက်အောင် ပို့ပေးခဲ့တဲ့ ဘုရားသခင်ကို ကိုယ်က တစ်သက်လုံးစာအတွက် ကျေးဇူးတင်နေမိတော့မှာ .... ။