•27•

1.5K 213 24
                                    

( 2013 , May )

လက်ထပ်ပြီး တစ်နှစ်အကြာမှာ ဝမ်ရိပေါ် ..အိမ်ကနေ ထွက်လာခဲ့တယ် ။

အဝတ်အိတ်တစ်ခုနဲ့အတူ ခေါင်းအဝါလေးဟာ ဘတ်စ်ကားဂိတ်မှာ တစ်ယောက်တည်း ငူငူငိုင်ငိုင်ထိုင်နေခဲ့တယ် ။ သကြားလုံးကျပျောက်သွားလို့ မှိုင်နေတဲ့ ကလေးလိုမျိုး ။

မေလရဲ့ နေလုံးက ကောင်းကင်မှာ အရောင်တလက်လက် တောက်နေပြီး ရာသီဥတုက ကြည်လင် သာယာနေတယ် ။ သစ်ရွက်တွေက လေအလွင့်မှာ တလှုပ်လှုပ်နဲ့ ကခုန်မြူးတူးနေပြီး ပတ်ဝန်းကျင်မှာ လှုပ်ရှားသွားလာနေကြတဲ့ လူတွေဟာ အပူဒဏ်သက်သာစေတဲ့ အင်္ကျီခပ်ပါးပါးတွေကို ကိုယ်စီ ပုံစံမျိုးစုံ ဝတ်ဆင်ထားကြတယ် ။

ကိုကိုက သူ့ကို သွားခွင့်ပေးလိုက်ပြီးနောက် အထုပ်တစ်ထုပ်နဲ့ အိမ်ကဆင်းလာခဲ့တဲ့ ဝမ်ရိပေါ်က တကယ်တမ်းကျတော့လည်း သွားစရာနေရာရယ်လို့ မယ်မယ်ရရ မရှိခဲ့ဘူးပဲ ။ ဝမ်အိမ်ကလည်း သူ့ကို ဥပေက္ခာနည်းနဲ့ စွန့်ပစ်ထားတာဆိုတော့ မိဘအိမ်လည်း ပြန်သွားလို့ မရဘူး ။

ဒီအတောအတွင်း သူက ကိုကို့ရဲ့ အရိပ်အောက်မှာပဲရှိခဲ့ပြီး ကိုကို့ရဲ့ အုပ်ထိန်းမှုအောက်မှာပဲ နေသားကျနေခဲ့တာ ဖြစ်တယ် ။ ..ဆိုတော့ အစီအစဥ်မရှိတဲ့ အိမ်ပေါ်က ဆင်းမှုဟာ အခု အခက်တွေ့နေရတယ် ။

ဒီတိုင်း သူငယ်ချင်းတစ်ယောက်ယောက်ဆီ အကူအညီတောင်းပြီး တစ်နေရာရာမှာ ခွေနေလို့တော့ ရပေမဲ့..မလုပ်ချင်ဘူး ။ လောလောဆယ် စိတ်အနေအထားက သူ ကိုကို့နားကနေ အဝေးဆုံးမှာ နေချင်တာ ။ ကိုကို လိုက်လို့မမိနိုင်တဲ့ နေရာထိကို သွားချင်တာ ။

သွားခွင့်ပေးလိုက်မယ် သွားတော့ဆိုပြီး အလွယ်တကူ လွှတ်လိုက်လို့ ကိစ္စမရှိဘူး ထင်နေလား ။ ကိုကို့အကြောင်းကို သူကလွဲရင် ဘယ်သူက ပိုသိဦးမှာလဲ ။ သူမမြင်နိုင်တဲ့ နေရာကနေ နေ့တိုင်း ချောင်းကြည့်နေပြီး အဆင်ပြေတဲ့အချိန်ရောက်ပြီဆိုတာနဲ့ ထောင်ချောက်ထဲက ယုန်ကလေးဖမ်းသလို ကွိခနဲ ပြန်ဖမ်းခေါ်သွားမှာ ။ ဝမ်ရိပေါ်က သူ့ရဲ့ ရွှေအိုရောင် ဆံပင်တွေ လှုပ်တဲ့ထိ ခေါင်းခါလိုက်တယ် ။ မဖြစ်ဘူး ။ သူ့သူငယ်ချင်းတွေနဲ့သာဆို ကိုကိုက သူ့ကို တန်းပြီး ဖမ်းမိသွားမှာသေချာတယ် ။ ဟင့်အင်း ..အဲ့လို မဖြစ်ချင်ဘူး ။

BlessingWhere stories live. Discover now