•14•

1.9K 267 16
                                    

2019 , February ,

အန်တီယင်းဟာ သူမကို လက်ကဆွဲ ၊ အခန်းထဲခေါ်သွားလို့ တံခါးပိတ်ပြီးစာအုပ်ကိုအတင်းဖတ်ပြဖို့ကြိုးစားနေတယ် ။ အောက်ထပ် ဒယ်ဒီတို့အခန်းထဲက ဒီလောက်ဆူညံနေတာကို သူမက စာအုပ်ထဲ ဘယ်လိုအာရုံစိုက်နိုင်ပါ့မလဲ ။

•••••

ဒီနေ့က ရှောင်းကျန့် တရားရုံးမှာ အမှုရှုံးပြီး ဝမ်ရိပေါ်ကို တရားဝင် ကွာရှင်းပေးလိုက်ရတဲ့နေ့ပဲဖြစ်တယ် ။

တရားရုံးမှာကတည်းက မျက်စိရှေ့ တွေ့ရာကိုဆွဲချင်ဖြဲချင်နေသလို ရှောင်းကျန့်ပုံစံက အိမ်ရောက်တော့ ပိုဆိုးလာတယ် ။ အကြောင်းကတော့ စက္ကူပုံးထဲရောက်နှင့်နေတဲ့၊ ဝမ်ရိပေါ်ကိုယ်တိုင် ကြိုသိမ်းပေးထားတဲ့ ရှောင်းကျန့်ရဲ့ ပစ္စည်းတွေနဲ့ အဝတ်အစား luggage ​ကို မြင်လိုက်ရလို့ပါပဲ ။

"ဝမ်ရိပေါ်!! "

ဘယ်နှကြိမ်မြောက်ခေါ်မှန်းတောင်မသိတော့တဲ့ ဒီနာမည်ကိုပဲ ရှောင်းကျန့်က ထပ်ခေါ် ပြန်တယ် ။ ပြီးတော့ ပစ္စည်းတွေထည့်ထားတဲ့ စက္ကူပုံးကို လက်နဲ့ရိုက်ချပြီး မှောက်ပစ်လိုက်တယ် ။

ရှောင်းကျန့်.. သူ အရမ်းဒေါသထွက်နေပုံရပြီး မျက်လုံးထဲ ဖြူဖြူမဲမဲဘာကိုမှ မမြင်နိုင်တော့လောက်အောင် ရှုပ်ထွေးနေတာဖြစ်တယ် ။

ဝမ်ရိပေါ် အခန်းတံခါးနားမှာရပ်ပြီး ရှောင်းကျန့်ကို ကြည့်လို့ အော်လိုက်ရဲ့ ။

"ဘာတွေဖြစ်နေတာလဲ ရှောင်းကျန့်! "

"ဘာလို့ သောင်းကျန်းနေတာလဲ!! "

"ခင်ဗျားနဲ့ကျွန်တော်က ပြီးသွားပြီလေ "

"ပစ္စည်းတွေယူပြီး အိမ်ကနေ ထွက်သွားလိုက်တော့!! "

ရှောင်းကျန့် ဝမ်ရိပေါ်ကို သေချာကြည့်မိလိုက်တယ် ။ ဒေါသကြောင့် နီမြန်းနေမယ့် မျက်လုံးတွေနဲ့ပေါ့ ။ အင်း..ဒီနည်းလမ်း ရွေးချယ်ခဲ့မိတာကို.. အခုအချိန်မှာ စပြီးတော့ နောင်တရချင်နေပြီပဲ ဖြစ်တယ် ။

"ငါ့ကို တကယ်ပဲ ထွက်သွားခိုင်းတယ်ပေါ့ "

"ဟုတ်လား!! "

BlessingWhere stories live. Discover now