•15•

2.1K 263 25
                                    

ရုပ်ရှင်ရိုက်ကွင်းနေရာမှာ နောက်တစ်ခန်းအတွက် setting ချနေတာမို့လို့ လူတွေအလုပ်ကိုယ်စီနဲ့ ရှုပ်နေကြတယ် ။ ဝမ်ရိပေါ်လည်း ထိုအတိုင်းပဲ ဇာတ်ညွှန်းမှာ နည်းနည်းလေးပြင်စရာရှိနေလို့ မနက်ကတည်းက အဲ့ဒီအထဲ ခေါင်းစိုက်နေတာဖြစ်တယ် ။

"ရိပေါ်.."

ထိုင်နေတဲ့စားပွဲပေါ်ကို အမေရိကာနိုအေးတစ်ခွက်ရောက်လာပြီး နာမည်ခေါ်သံကြားလိုက်တာမို့ ဝမ်ရိပေါ် မော့ကြည့်လိုက်တယ် ။

"အော် အကိုကွမ်းလင်"

"..."

ဝမ်ရိပေါ် ဘေးကထိုင်ခုံကို ဆွဲပြီး ထိုင်ပါဦးလို့ပြောလိုက်တာနဲ့
လီကွမ်းလင်က ချက်ချင်းဝင်ထိုင်လိုက်တယ် ။

"အကိုကွမ်းလင် မနေ့က မတော်တဆဖြစ်လို့ဆို "

"အခု ဘယ်လိုနေသေးလဲ"

အက်ရှင်ခန်းရိုက်ရင်း ခုန်ချလိုက်တဲ့နေရာမှာ အောက်က ခံထားတဲ့ဖော့ပြားကိုမနင်းမိပဲ ခြေချင်းဝတ်လည်သွားတာကို ဆိုလိုတာဖြစ်တယ် ။ ထိုကိစ္စကြောင့်ပဲ လီကွမ်းလင် မနေ့ကတစ်နေ့လုံး HS တက်သွားသေးတယ် ။

"သက်သာပါတယ် နည်းနည်းနာသေးပေမဲ့ပေါ့"

လီကွမ်းလင်က ထိုသို့ပြောပြီးတာနဲ့ ဝမ်ရိပေါ်ကို ပြုံးပြလာတယ် ။ မျက်လုံးရဲ့တောက်ပမှုက ဒီအတိုင်းခံစားလို့ရပြီး ဒိတ်ဒိတ်ကြဲမင်းသားဆိုတဲ့ ဂုဏ်ပုဒ်နဲ့လျော်ညီစွာပဲ ဝမ်ရိပေါ်နေရာမှာ အပျိုဖြန်းလေးသာဆို ရင်ခုန်ပြီး မေ့လဲသွားလောက်တယ် ။ တကယ် ။

"..."

အခြေအနေက နည်းနည်းထူးဆန်းလာတာမလို့ ဝမ်ရိပေါ်ကပဲ စပြီးမျက်နှာလွှဲလိုက်တယ် ။ နောက်တော့ လီကွမ်းလင်ကပါ ထိုအရာကိုသတိပြုမိသွားပြီး အဟမ်းဆိုတစ်ချက်လုပ်လို့ နဂိုအတိုင်းရှက်ဝဲဝဲအမူအရာနဲ့ လည်ပင်းကိုသာဖိပွတ်နေတယ် ။

"လင်ကော ..ဒါရိုက်တာ ခေါ်နေပြီ"

လီကွမ်းလင်ရဲ့မန်နေဂျာ လာ​ခေါ်မှပဲ ဝမ်ရိပေါ် သက်သာရာ ရသွားတော့တယ် ။ အာရုံစိုက်မခံချင်တာဟာ အစကတည်းကဖြစ်ပြီး ဒီလိုအသိုင်းအဝိုင်းမှာ အလုပ်လုပ်နေတာက ပိုသတိထားရတယ် ။

BlessingWhere stories live. Discover now