•34•

4.6K 251 51
                                    

အချိန်ဟာ လိမ္မော်ရောင်ကောင်းကင်နဲ့အတူ နေ့တစ်နေ့ရဲ့ အဆုံးပိုင်းကိုတောင် ရောက်နေနှင့်ပြီ ဖြစ်တယ် ။

ဝမ်ရိပေါ် ပေါင်ပေါ်စုတင်ထားတဲ့ လက်ဖျားတွေကို ကွေးယူလိုက်ပြီး တစ်ဖက်နဲ့တစ်ဖက်ဆုပ်ကိုင်လို့ လေပူတစ်ချက်ကို ခပ်လေးလေးမှုတ်ထုတ်လိုက်မိတယ် ။ အခု သူရောက်နေတာဟာ ရှောင်းအိမ်တော်ရဲ့ ပေါ်တီအောက်ထဲမှာ ရပ်ထားတဲ့ ရှောင်းကျန့်ရဲ့ကားထဲမှာ ဖြစ်တယ် ။ သူ့ကိုချန်ပြီး အိမ်တော်ထဲကို တစ်ယောက်တည်းဝင်သွားတဲ့ ရှောင်းကျန့်က 'ကျွန်တော်အဆင်ပြေမှာပါ'ဆိုတဲ့ သူရဲ့စကားကို တစ်ရာ ရာခိုင်နှုန်းမယုံကြည်နိုင်တာကြောင့် ဒီမှာပဲထားခဲ့ဖို့ ဆုံးဖြတ်ခဲ့ဟန်တူပါတယ် ။

အိမ်တော်ထဲမှာတော့ ရှောင်းကျန့်ရဲ့ ခပ်သွက်သွက်ခြေလှမ်းတွေနဲ့ တစ်စုံတစ်ခုသောရဲ့အတိတ်လို ဆင်တူနီးပါးအခြေအနေမျိုး ပွက်လောရိုက်နေခဲ့တယ် ။ မကြာခင်မှာပဲ အိမ်တော်ရဲ့ အပေါ်ထပ်ကနေ မိနစ်ပိုင်းအတွင်း laggageတစ်လုံးနဲ့ လျှင်လျှင်မြန်မြန် ပြန်ဆင်းလာတဲ့ ရှောင်းကျန့်ကို အိမ်ရဲ့အလုပ်သမားတွေက အကွယ်ကနေသာ တိုးတိတ်စွာ ရပ်ကြည့်နေကြရင်း တီးတိုးပြောဆိုနေတယ် ။ အဲ့ဒီအထဲကမှ သက်တမ်းအရင့်ဆုံး သက်ကြီးဝါကြီးဖြစ်တဲ့ အိမ်တော်ထိန်းဟူကတော့ သူ့ကို လာတားရဲတဲ့ တစ်ဦးတည်းသောတစ်ယောက်ပေါ့လေ ။

"သခင်လေး စဥ်းစားပါဦး"

လူတွေဟာ သူတို့အတွက် လှောင်ချိုင့်လိုမျိုး မလွတ်လပ်တဲ့နေရာကို မခုံမင်တတ်တာဟာ ထုံးစံပဲ ။ ရေအောက်မှာ အောက်ဆီဂျင်မပါတဲ့ လူလို အသက်ရှူပေါက်မရှိ..တစ်စက်လေးမှတောင် ရုန်းလို့မနိုင်တဲ့ လည်ပင်းကြိုးတွေနဲ့ သူ့ဘဝက အခွံလွတ်ကြီးလိုမျိုး ပိတ်မိခဲ့တာ ။ အခုထိ ခံစားနေမိတုန်းပဲ ။ အမှန်အတိုင်းသာဆို ရှောင်းကျန့်က ခမ်းနားပြီးအေးစက်တဲ့ ဒီရှောင်းအိမ်တော်ကို ဘယ်တော့မှ ပြန်ပြီး ခြေမချချင်ခဲ့တာဖြစ်တယ် ။ သူ့အတွက် အရေးပါတဲ့ ပစ္စည်းတစ်ချို့ ဒီမှာကျန်နေခဲ့လို့သာ ၊ မဟုတ်ရင် ဒီလိုမျိုး ပြန်ရောက်လာနေမှာကို မဟုတ်ဘူး ။

BlessingWhere stories live. Discover now