2019 , January ,
ရှောင်းကျန့်အသက် 32နှစ် ၊
ဝမ်ရိပေါ်အသက် 26နှစ် ... ။"ဒီလောက်ပဲ ခေါင်းမာပြီး အိမ်ပြန်လာခဲ့တော့ ဝမ်ရိပေါ် "
ဝမ်မားက သောက်လက်စကော်ဖီခွက်ကို စားပွဲပေါ် ပြန်ချလိုက်ရင်း သူ့ကိုတည့်တည့်ကြည့်လို့ ပြောလာတယ် ။
ကော်ဖီဆိုင်ထဲမှာ သံစဥ်တိုးတိုးကလေးက ပျံ့လွင့်နေပြီး ဘာသီချင်းမှန်းတော့ မသိရဘူးပဲ ။ သူအဲ့ဒါကို အာရုံလည်းရှိမနေဘူး ။ အရှေ့က မားကို ဘယ်လိုပြန်ဖြေလိုက်ရမလဲဆိုတာကိုပဲ တွေးနေရတာမို့ ။
ကိုကိုနဲ့သူ လက်ထပ်လိုက်တဲ့အချိန်ကနေစလို့ ၊ ဝမ်အိမ်ကသူ့ကို စွန့်လွှတ်လိုက်တဲ့အချိန်ကနေ အခုထိ မားက သူ့ဆီကို ပထမဆုံးရောက်လာခြင်းပဲ ။ အကြောင်းအရင်းကတော့ အခုအတိုင်း သူ့ကို ကိုကို့ဆီက ဆွဲထုတ်ဖို့ပဲပေါ့ ။
"တောင်းပန်ပါတယ် မား"
ခေါင်းကိုမော့လို့ မားနဲ့မျက်လုံးချင်းစုံလိုက်ရင်းပဲ ပြန်ပြောခဲ့တယ် ။ သူ့မိသားစုကို ထားခဲ့ပြီး အိမ်ပြန်ဖို့ဆိုတာ တွေးတောင်တွေးမကြည့်နိုင်တဲ့အရာပဲမို့လို့ ။
မားက သူမ ဒီအဖြေကိုကြိုသိသားပဲ ဆိုတဲ့မျက်လုံးမျိုးနဲ့ဝမ်ရိပေါ်ကို ကြည့်လို့ ပြုံးတယ် ။
"မင်းရဲ့ အဲ့ဒီယောကျ်ားအကြောင်းတွေ အကုန်သိပြီးပြီ ဝမ်ရိပေါ်"
"ဆက်ပြီးတုံးအနေဦးမှာလား"
မားရဲ့စကားအဆုံးမှာ ထိတ်ခနဲစိုးရိမ်သွားတာက သူ့အတွက်သူ မဟုတ်ပဲ ကိုကို့အတွက်သာဖြစ်ပါတယ် ။ သတင်းတွေက ဘယ်
လောက်တောင် လူတွေအမြင်မှာဆိုးနေလိုက်ပြီလဲ ။မားက သူ့ကို သနားသလိုလေးကြည့်လာပြီး စားပွဲပေါ်က လက်လေးကို သူမဘက်ဆွဲယူလို့ ခပ်ဖွဖွပွတ်သပ်ရင်း ပြောတယ် ။
"သား..သားသမီးလေးကိုခေါ် ပြီး မားတို့ဆီပြန်လာခဲ့ပါတော့"
"သားကို သားပါးပါး နေ့တိုင်းမျှော်နေတယ်"
သူ့ကို အုပ်ကိုင်ထားတဲ့မားရဲ့လက်တွေကို စိုက်ကြည့်နေရင်းကနေ ရှေ့က မားမျက်နှာကို တွေတွေလေးငေးကြည့်လိုက်တယ် ။ ဘေးကနေ လူတွေလှုပ်ရှားသွားလာနေသံကို နားထဲမှာကြားနေရပေမဲ့..ဒါတွေကို သူတကယ် မခံစားရနေသလိုပဲ ။ အိပ်မက်ယောင်နေသူလို ၊ အိပ်မက်ထဲမှာပဲရှိနေသလိုလို အဲ့ဒီခံစားချက်..။
YOU ARE READING
Blessing
Fanfictionမင်းကို ကိုယ့်ဆီရောက်အောင် ပို့ပေးခဲ့တဲ့ ဘုရားသခင်ကို ကိုယ်က တစ်သက်လုံးစာအတွက် ကျေးဇူးတင်နေမိတော့မှာ .... ။