လော့ရန်ရာသီဥတုနဲ့ မတူစွာပဲ ပေကျင်းမှာတော့ ကောင်းကင်က အခြေအနေကောင်းနေလေတယ် ။ လုံးဝ ပြန်မလင်းလာနိုင်တော့သလို မှောင်မဲမနေပဲ စိုစိုထိုင်းထိုင်းပတ်ဝန်းကျင်လည်း ဟုတ်မနေဘူးဖြစ်တယ် ။ ရှောင်းကျန့် သူ့အသည်းငယ်လေးကို လှည့်ကြည့်လိုက်တယ် ။ မျက်လုံးတွေက တစ်နေရာမှာ ရှိနေပြီး ပုံမှန်နဲ့မတူစွာပဲ မျက်လုံးအကြည့်တွေ ပြောင်းလဲနေနှင့်ပါတယ် ။
ရှောင်းကျန့်နဲ့ စာသင်နှစ်တစ်ခုတည်း အတန်းတူသူငယ်ချင်း ကျိလိက အခု ဒီမှာရောက်နေတယ် ။ သူက မြို့လယ်ခေါင်ကဆေးရုံမှာ အလုပ်ဝင်နေတဲ့ ကလေးအထူးကုတစ်ယောက်ဖြစ်ပြီး အဲ့ဘက်အပိုင်းမှာ အလွန်တော်တယ်လို့ နာမည်ကြီးတယ် ။ ကျိလိက ငိုနေရင်းသတိလစ်သွားပြီး အခုထိပြန်ထမလာသေးတဲ့ ကလေးကို စမ်းသပ်ပေးနေတယ် ။ လေးနက်တဲ့မျက်နှာထားနောက်မှာ သူ့ရဲ့ မျက်ခုံးတွေကပါ လှိုင်းလိုမျိုး တွန့်နေတယ် ။ ခါးကုန်းပြီး စမ်းသပ်နေရာကနေ ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ရင်း သက်ပြင်းတစ်ချက်ကို ချလို့ ပြောလာတယ် ။
"ကလေးက အားအရမ်းနည်းနေတာ ၊ အဲ့အချိန်မှာ စိတ်ထိခိုက်စရာနဲ့ ကြုံသွားတော့ အခြအနေက ပိုဆိုးသွားတာ ဖြစ်လိမ့်မယ်"
"အများကြီးစိုးရိမ်စရာတော့မရှိပေမဲ့ အရမ်းလည်းပေါ့ဆလို့ မရဘူး"
"အခုလောလောဆယ်တော့ အဖျားရှိနေသေးတယ် ၊ ဆေးတော့မထိုးပေးတော့ဘူး သောက်ဆေးလေးပဲ ပေးခဲ့မယ်.. လိုအပ်ရင် ငါ့ကို အချိန်မရွေး လှမ်းခေါ်လိုက် ဟုတ်ပြီလား"
ကျိလိက သူယူလာတဲ့ ဆေးအိတ်ထဲ ခေါင်းစိုက်လို့ အထဲက ပစ္စည်းတွေကို မွှေနှောက်ရှာရင်း ပြောနေတယ် ။ ကလေးလေးလှဲနေတဲ့ ကုတင်ပေါ် ကပ်ထိုင်နေတဲ့ ဝမ်ရိပေါ်က ကျိလိရဲ့ စကားကို ခေါင်းငြိမ့်လို့ ပြန်ဖြေလိုက်တယ် ။
"ဟုတ်ကဲ့ ကော.."
အိပ်ခန်းထဲမှာ တိတ်ဆိတ်သွားတယ် ။ ပြီးတော့ ဝမ်ရိပေါ် ကလေးရဲ့လက်သေးသေးလေးကို သူ့ရဲ့ လက်နှစ်ဖက်ထဲမှာ အမိအရ ဆုပ်ကိုင်ထားလိုက်တာကို ရှောင်းကျန့် မြင်လိုက်ရတယ် ။
YOU ARE READING
Blessing
Fanfictionမင်းကို ကိုယ့်ဆီရောက်အောင် ပို့ပေးခဲ့တဲ့ ဘုရားသခင်ကို ကိုယ်က တစ်သက်လုံးစာအတွက် ကျေးဇူးတင်နေမိတော့မှာ .... ။