•Yishin•

1.3K 184 8
                                    

ဝမ်ရိရှင်း..ဒါမှမဟုတ် ရှောင်းရိရှင်း..။

သူမ ဘဝကို စပြောရမယ်ဆိုရင်တော့ Webtoon တွေ ၊ Drama တွေ ၊ Fiction တွေထဲကလိုမျိုး ဇာတ်လမ်းဇာတ်ကွက်မျိုးစုံနဲ့ပါပဲ ။ ဘဝဆိုတာ တရားသေ သတ်မှတ်ထားလို့မရဘူး ဆိုတဲ့သဘာအတိုင်း ရှိလာခဲ့သလိုပဲပေါ့ ။

ခေါင်းထဲမှာ သံမှိုနဲ့ရိုက်ထားသလို စွဲစွဲမြဲမြဲ ပြတ်ပြတ်သားသား မှတ်မိနေဆဲဖြစ်တဲ့ ငယ်ဘဝမှတ်ဉာဏ်တွေ..။ မရေမတွက်နိုင်အောင် အများကြီးရှိတယ် ။

အားလုံးဟာ လှပတယ် ။ အရမ်း ရိုးရှင်းတယ် ။ စိတ်ဝင်စားဖို့ ကောင်းတယ် ။ ပြီးတော့..ပျော်စရာ အပြည့်နဲ့ပဲ ။

ဒါပေမဲ့..ပြဿနာတွေဆိုတာ အမြဲတမ်း တစ်ခုတည်းမဟုတ်ပဲ အစုလိုက်အပြုံလိုက် လာတတ်တယ်ဆိုတာမျိုးပဲ ။ သူမဆီမှာ တစ်ခုလေးကို အစပြုလိုက်တာနဲ့ နောက်ထပ် ဆက်တိုက် တစ်ခုပြီးတစ်ခု မပြီးနိုင် ၊ မစီးနိုင် ပေါ်လာတယ် ။

သူမ အသက်11နှစ်လောက်မှာ ပါပါးတို့နှစ်ယောက်ရဲ့ အိမ်တွင်းသွေးအေးစစ်ပွဲစတယ် ။ သာမန်စိတ်ဆိုးကြတာလေးတစ်ခုပဲ ၊ အချိန်တန်ရင် ပါပါးက ဒယ်ဒီ့ကို စိတ်ကောက်ပြေပြီး သူတို့ပြန်အဆင်ပြေသွားကြမှာလို့ ဦးနှောက်သေးသေးလေးနဲ့တွေးခဲ့ပြီး သူမကတော့ မသိချင်ယောင်ဆောင်ပေးခဲ့တယ် ။ ဒယ်ဒီ့ကိုတောင် ချော့ဖို့အတွက် နည်းလမ်းတွေကူပြီး စဥ်းစားပေးခဲ့သေးတာ ။ အဲ့အချိန်တုန်းကလေ.. ။

တကယ်တမ်းတော့ သူမ ထင်သလိုမဟုတ်ခဲ့ပဲ အဲ့ဒီနောက်မှာ ပြဿနာအကြီးကြီးတစ်ခုရှိနေတယ် ။ ပါပါးကလည်း တော်တော်နဲ့ စိတ်ကောက်မပြေနိုင်ပဲ ဒယ်ဒီကလည်း ခါတိုင်းလို အသည်းအသန်လိုက်မချော့တော့ပဲ နှစ်ယောက်လုံးက အချိန်တစ်ခုထိ သွေးအေးစစ်ပွဲမှာ ရှိနေကြတုန်းပဲ ။ သူမ ဦးနှောက်သေးသေးလေးနဲ့ နားမလည်ဘူး ။ လူကြီးတွေက လွယ်တာကို တမင်ခက်အောင် လုပ်နေကြတာလားလို့တောင် တွေးမိသေးတယ် ။ တခါတလေ..။

နောက်တော့ ဒယ်ဒီနဲ့ပါပါးအဆင်ပြေသွားကြမယ့် အချိန်ကို စောင့်ရင်း..နေလာရင်းပဲ သူမအသက် 12နှစ်မှာ ကွာရှင်းလိုက်ကြတယ် ။ ဦးနှောက်လေးနဲ့တွေးပြီး လုံးဝ လက်မခံနိုင်ဘူး ။ ပါပါးက ဒယ်ဒီ့ကို ဒီလောက်တောင်ချစ်ရဲ့သားနဲ့ တခြား မိန်းမကြီးလက်ထဲကို ဒီတိုင်း ဒယ်ဒီ့ကိုပေးပစ်လိုက်နိုင်တဲ့ကိစ္စကိုရော ၊ ဒယ်ဒီကရော ပါပါးဆိုရင် အသည်းအူတွေပြုတ်ထွက်မတတ် သည်းသည်းလှုပ်လာပြီး အခုမှ ချက်ချင်း အဲ့ဒီနောက်ကို လိုက်သွားခဲ့တာရော ။ နှလုံးသား သေးသေးလေးနဲ့မို့လို့များလား ။ သူမ ဘာကိုမှ နားမလည်နိုင်ခဲ့ပါဘူး ။

BlessingWhere stories live. Discover now