•28•

1.6K 245 50
                                    

စုံတွဲထဲက အငယ်ဖြစ်သူဟာ သစ္စာရှိသလို သူ့ရဲ့ အမျိုးသားကိုလည်း တိုင်ပင်ချင်ခဲ့တယ် ။ ထားပါ ။ သူတို့နှစ်ယောက်ရဲ့ အခြေအနေက 'အဝေးနေရာမှ ချစ်ခြင်းများ´ဆိုသလို ဖြစ်နေတာတောင်မှပေါ့ ။

ဝမ်ရိပေါ် Guest House ကဖုန်းနဲ့ အလွတ်ရနေတဲ့ဖုန်းနံပါတ်ကို အကြိမ်တော်တော်များများ နှိပ်ခေါ် ခဲ့တယ် ။ ဒေးဗစ်တို့ လင်မယားကို သေချာတဲ့အဖြေမျိုး တန်းမပေးခဲ့တာဟာ သူ့ရဲ့ အရာရာဖြစ်တဲ့ ကိုကို့ဆီကို အရင်ဆုံး ခွင့်ပြုချက်တောင်းချင်လို့သာ ဖြစ်ပါတယ် ။

ဒါပေမဲ့ တကယ်တမ်း အသုံးမဝင်ခဲ့ဘူး ။ တခြားဘက်က တစ်ခါလေးတောင် မကိုင်ခဲ့တာ ဖြစ်တယ် ။ သူ့ဖုန်းနံပါတ်ဆိုရင်တော့ မပြောတတ်ပေမဲ့ သူက သူ့ရဲ့ဖုန်းကို အိမ်က ထွက်လာကတည်းက သယ်ကိုမလာခဲ့တာဆိုတော့လည်း..။ တခြားရွေးစရာမရှိဘူးပေါ့ ။

နောက်ဆုံးတော့ အငယ်က ဒီလိုနဲ့ပဲ လက်လျှော့လိုက်ရတော့တယ် ။

ဝမ်ရိပေါ် သူ့ရဲ့မျိုးရိုးကို ကျိုးမိသားစုဆီ ပေးလိုက်တယ် ။ တစ်ပတ်ကြာအောင် စဥ်းစားပြီးတဲ့နောက်မှာပေါ့ ။ ကိုကိုက သူ့ကို ဒီကိစ္စအတွက် ခွင့်လွှတ်လိမ့်မယ်ထင်လို့ ။ ပြီးတော့ ကိုကိုက သူ့ကို ယုံကြည်မယ်ထင်လို့ပါပဲ ။

အဲ့ဒီနေ့မှာ လဲ့အာကျဲက သူ နေရခက်တဲ့ထိတောင် ကျေးဇူးတင်စကားကို တဖွဖွပြောခဲ့ပြီး ဒေးဗစ်ကလည်း သူ့ကို ကယ်တင်ရှင်ကြီး တစ်ယောက်လိုမျိုး ဆက်ဆံခဲ့တယ် ။ "ငါ ဒါကို နှလုံးသားထဲမှာ အမြဲမှတ်ထားပါ့မယ်"လို့လည်း ပြောခဲ့တယ် ။ ဝမ်ရိပေါ် တွေးမိတယ် ။ ဒေးဗစ်က အစကတည်းက ဒီလို လူရိုးလူအေးအားနာတတ်တဲ့ type မျိုးမို့လို့ လဲ့အာကျဲက သူမရဲ့လက်တွဲဖော်အနေနဲ့ ရွေးချယ်ပြီး သဘောကျခဲ့ပုံပေါ်တယ် ။

ဒါပေမဲ့ ။

ဒီကိစ္စက ထင်သလောက် မရိုးရှင်းခဲ့ဘူး ။ တိုက်ရိုက်ပြောရရင်တော့ လူတွေကို ဖုံးကွယ်ထားပြီး ဒေးဗစ်ရဲ့ကလေးလို့ လိမ်ညာရတဲ့အခါမှာ ဒီခွဲစိတ်မှုက တရားမဝင်တော့ဘူး ။ လူထုကို လိမ်ညာပြီးဖြစ်လာမယ့်အကျိုးဆက်အတွက် သူတို့ မြေအောက်စျေးကွက်က ခွဲစိတ်ခန်းတစ်ခုကို စျေးကြီးကြီးနဲ့ ငှားခဲ့ရတယ် ။ ဒါတောင် ဒေးဗစ်မှမဟုတ်ရင် နောက်ထပ် ကြေးများများနဲ့ ဆရာဝန်တစ်ယောက် ထပ်ရှာခဲ့ရဦးမှာပဲဖြစ်တယ် ။

BlessingWhere stories live. Discover now