မုန်တိုင်းထန်ပြီးတဲ့နောက် ညိုမဲနေတဲ့မိုးတိမ်တွေဟာလည်း လေနဲ့အတူ မျောပါသွားတယ် ။ အရာအားလုံးဟာ နွေဦးမှာ ပွင့်လန်းလာတဲ့ပန်းလေးတွေလိုမျိုး ကြည်လင်လန်းဆန်းနေခဲ့ပါတယ် ။
နောက်နေ့မနက်မှာ ဆေးရုံကရိရှင်းဆီကို ဟန်နာနဲ့ကျို့လင်ရီတို့က ရောက်လာခဲ့တယ် ။ ဟန်နာက သူမရင်ဘတ်ကို ခပ်ဖွဖွထုရိုက်ရင်း "လူဆိုးမ ရှင်း..၊ မင်းက တကယ်လူဆိုးမပဲ" လို့ ပြောရင်း အရာရာ သန်မာလှပါတယ်ဆိုတဲ့ အဲ့လိုဟန်နာက မျက်ရည်တွေတောင် ဝဲလာတာမို့ ရိရှင်းကပါ တရှုံ့ ရှုံ့နဲ့ နောက်တစ်ကျော့ ထပ်ငိုတော့တယ် ။
ဟန်နာက ပြောတယ် ။
"ရှင်း..ငါတို့ သူငယ်ချင်းပြန်လုပ်ကြမယ်နော်"ရိရှင်းကလည်း ရှိုက်သံကြားထဲကပဲ ပြန်ဖြေခဲ့ပါတယ် ။
"ဆောရီးပါ..ငါ ငါ အတွေးတိမ်သွားတယ် အဟင့်""ဟုတ်ပြီ ငါသိတယ် မငိုနဲ့ မငိုနဲ့"
အင်း ။ သူငယ်ချင်းနှစ်ယောက်ရဲ့ ပြန်လည်အဆင်ပြေတွေ့ဆုံခြင်းက ဒီလောက်ပါပဲ ။ ဆေးရုံကုတင်ပေါ်မှာ တစ်နာရီလောက် နှစ်ယောက်သားဖက်ငိုနေကြတာကို ဖယ်ကြည့်ရင်ပေါ့ ။ တကယ်ကို..ကလေးတွေဟာတော့ ကလေးတွေပဲ ဖြစ်တယ် ။
ဟန်နာပြီးသွားကာမှ ကျို့လင်ရီ အလှည့်ရောက်လာတယ် ။ ကျို့လင်ရီက ခုန သူမတို့နှစ်ယောက်ဖက်ငိုနေတုန်းက ဖုန်းတစ်လုံးနဲ့ လိုက်ရိုက်ပြီး တဟားဟားနဲ့ ဂယက်ထခဲ့တဲ့လူမဟုတ်တဲ့အတိုင်း ရုတ်တရက်ကြီး တည်ငြိမ်အေးဆေးတဲ့ အမူအရာဖြစ်သွားပြီး ကုတင်ပေါ်ထိုင်နေတဲ့ ရိရှင်းလေးကို ပုခုံးကနေ ကျော်ပြီး ခပ်ဖွဖွလေး ဖက်ခဲ့တယ် ။
"တော်သေးတာပေါ့ ဘေဘီ ..ဘာမှမဖြစ်လို့ "
"အင်း.."
ဘေးနားရပ်နေတဲ့ဟန်နာက မျက်ဖြူလန်ပြပြီး စိတ်လေနေတယ် ။ သူမအကိုပြောတဲ့ ညုတုတုလေသံကို ကြားပြီး ဆယ်ခါပြန်တောင် သေချင်သွားတယ် ။ အံ့အသံကို တစ်ခုခုလုပ်လို့ရရင်ကောင်းမှာပဲ ။
ဒါနဲ့ သူမဆုတောင်းပြည့်ခဲ့ပါတယ် ။ ကျို့လင်ရီ ရိရှင်းပုခုံးပေါ်ကနေ သူ့လက်ကို မဖယ်ရသေးခင်မှာပဲ အခန်းထဲကို ရှောင်းကျန့်က ဝုန်းခနဲဝင်လာခဲ့တယ် ။ ဟိုနေ့က ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် မျက်နှာက ခန့်ခန့်ညားညားနဲ့ ဂိုဏ်းစတားခေါင်းဆောင်ပုံ ပေါက်နေတယ် ။
YOU ARE READING
Blessing
Fanfictionမင်းကို ကိုယ့်ဆီရောက်အောင် ပို့ပေးခဲ့တဲ့ ဘုရားသခင်ကို ကိုယ်က တစ်သက်လုံးစာအတွက် ကျေးဇူးတင်နေမိတော့မှာ .... ။