2018 , June ,
ရှေ့လည်းမတိုးနိုင်၊ နောက်လည်းဆုတ်မရတဲ့ ဒီလိုအနေအထားကို ဘယ်သူကစပြီးဖန်တီးခဲ့မိတာလဲ ။ ဒီလောက်ထိ သူမတရားကိုမှ ယုံကြည်ထားပါတယ်ဆိုတဲ့ ကိုကိုကလား ။ ဒါမှမဟုတ် မျက်စိစုံမှိတ်ပြီး ဓာတ်ပုံတွေကို အံဆွဲအောက်ထဲ ထည့်ပိတ်လိုက်မိတဲ့ သူကိုယ်တိုင်ပဲလား ..။
သူနဲ့ကိုကိုရဲ့ဆက်ဆံရေးက ဒီအတောအတွင်း သိတောင်မသိလိုက်ပဲ ဆိုးရွားနေခဲ့တာဖြစ်မယ် ။ ဒါမှမဟုတ်လည်း..အင်း...ကိုကိုက သူနဲ့သမီးလေးကိုငြီးငွေ့သွားတာပဲပေါ့ ။
ဘေးနားမှာ ကျန်နေတဲ့တစ်ခုတည်းသော ဓာတ်ပုံလေးကို ကောက်ကိုင်ပြီး အားနဲ့ ကြမ်းပြင်ပေါ်ကို ပစ်ခွဲလိုက်တယ် ။
အိပ်ခန်းထဲ အလှထားတဲ့ ပန်းအိုးတွေလည်း အခုတော့ ကွဲစတွေအဖြစ် ကြမ်းပြင်မှာ မွစာကြဲနေကြပါတယ် ။ တကယ်ကို မြင်မကောင်းအောင် ။
"ရှောင်းကျန့်! ခင်ဗျား!"
ရှောင်းကျန့်မျက်လုံးတွေက သူ့ဆီမှာမဟုတ်ပဲ သူပစ်ခွဲလိုက်တဲ့ အဲ့ဒီဓာတ်ပုံလေးဆီမှာပဲဖြစ်တယ် ။
ကြည့်နေရင်းနဲ့ ဒေါသတွေက အလုံးလိုက်လှိမ့်တက်လာတာမို့ နောက်ထပ်ဖန်ခွက်တစ်လုံးကို ခွမ်းခနဲ ထပ်ခွဲပြလိုက်ပါတယ် ။ ထိုမှသာ ရှောင်းကျန့်က အောက်ကိုငုံ့နေရာကနေ မော့ကြည့်လာတယ် ။
"ပြောစမ်းပါဦး! ခင်ဗျားရဲ့...ခွေးဇာတ်လမ်းတွေ.."
"ခင်ဗျားမို့ ကျွန်တော့ကို.."
ပြောနေရင်းပဲ နှလုံးသားက မခံမရပ်နိုင်အောင် နာကျင်လာပြန်တယ် ။ ဒီလူက ငါ့ကို ဒီလိုလုပ်ရက်တယ် ဆိုတဲ့ အမှန်တရားကြီးက သူ့ကိုသေစေနိုင်တဲ့ လက်နက်တွေနဲ့ ဝိုင်းထိုးသတ်နေကြသလိုပါပဲ ။ တစ်ကိုယ်လုံးတုန်လာတဲ့အထိတောင် ဝမ်းနည်းလာတာမို့ မျက်ရည်တွေကလည်း မကျချင်ပဲကျနေရတယ် ။
"ကျွန်တော်ခင်ဗျားကိုဘယ်လောက်ချစ်လိုက်သလဲ!"
"ကျွန်တော့်မှာ..ခင်ဗျားပဲရှိတာကို ဘာလို့.."
တကယ်ဆို ကိုကို့ကို သူ တစ်ကိုယ်လုံး နုပ်နုပ်စင်းပြီး သတ်တောင်သတ်ပစ်လိုက်ချင်တယ် ။ မဟုတ်ရင်လည်း ကိုကိုနဲ့ထိုအမျိုးသမီး ကွန်ဒိုကနေ အတူတူထွက်လာတာကိုတွေ့လိုက်တဲ့ အဲ့ဒီနေရာမှာတင် သူတစ်ခါတည်း သေသွားခဲ့လိုက်ရမှာ ။
YOU ARE READING
Blessing
Fanfictionမင်းကို ကိုယ့်ဆီရောက်အောင် ပို့ပေးခဲ့တဲ့ ဘုရားသခင်ကို ကိုယ်က တစ်သက်လုံးစာအတွက် ကျေးဇူးတင်နေမိတော့မှာ .... ။