2019 , January ,
ဝမ်ရိပေါ် ဒါကို စဥ်းစားဖို့ အတော် အချိန်ယူလိုက်ရတယ် ။ ဒီအတွင်းမှာလည်း သူ ခေါင်းပေါက်ထွက်မတတ် စဥ်းစားခဲ့ရတာတွေချည်းပဲ ။ ဒါပေမဲ့ ..
မနက်ဖြန်ဆို ရှောင်းကျန့် ဂျပန်ကနေ အလုပ်ခရီးပြန်ရောက်လာမှာဖြစ်တယ် ။ ထိုအကြောင်းတွေ တွေးမိရင်း ဝမ်ရိပေါ် အသံထွက်တဲ့ထိ သက်ပြင်းတစ်ချက် ချလိုက်ပါရဲ့ ။ အဲ့ဒီမြင်ကွင်းဟာ သူ့အတွေးထဲမှာ မထွက်သွားနိုင်အောင် သံသရာလည်နေတယ် ။
••••
ထင်တဲ့အတိုင်း နောက်နေ့မနက်အစောလောက်မှာ ရှောင်းကျန့် ပြန်လာခဲ့တယ် ။ ရောက်ရောက်ချင်း သမီးအိပ်တဲ့အခန်းထဲကို တန်းဝင်ပြီး သူ့သမီးမျက်နှာကို အပြေးကြည့်လိုက်သေးတာ ။ မနက်အရမ်းစောသေးတာမို့ သမီးက မနိုးသေးပေမဲ့ ရှောင်းကျန့်ကတော့ မတရားလွမ်းနေပုံနဲ့ ထိုနားကို ကပ်နေဦးမှာပဲ ။ တခြားလူသာမြင်ရင် ဒါက အတော်လေး အိမ်ထောင်ဦးစီးပီသတဲ့ လင်ယောကျ်ားကောင်း တစ်ယောက်ရဲ့ပုံစံပဲပေါ့ ။
မိနစ်နှစ်ဆယ်လောက် ကြာတော့မှ ရှောင်းကျန့် သမီးအခန်းထဲက ထွက်လာတယ် ။ သူလည်း ရှောင်းကျန့်ပြန်လာတာနဲ့ နိုးသွားတာမို့ ပြန်မအိပ်တော့ပဲ မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီး အိပ်ရာထလိုက်တော့တယ် ။ ရှောင်းကျန့်က အစောကြီးနိုးနေတဲ့သူ့ကို အထူးတဆန်းလို ကြည့်နေပေမဲ့ ဘာမှတော့ ပြောမလာဘူးပဲ ။
တစ်ညလုံးလေယာဥ်စီးလာရလို့ ပင်ပန်းနေပုံရတဲ့ ရှောင်းကျန့်က ဧည့်ခန်းဆိုဖာမှာသာ ခြေပစ်လက်ပစ်ထိုင်နေတယ် ။ မျက်ရိုးကို ခဏခဏဖိနှိပ်နေတာ အတော်ကို ညောင်းညာနေတဲ့ပုံနဲ့ ။
"မနက်စာ ဘာစားချင်လဲ"
"..."
ဘေးနားမှာ ရပ်ပြီး မေးလိုက်တဲ့ သူ့ကို ရှောင်းကျန့်က တအံ့တသြ မော့ကြည့်လာတယ် ။ အကြောင်းအရင်းကတော့ သူ့ဘက်ကစပြီး စကားပြောလို့ဖြစ်ပါလိမ့်မယ် ။
"..ရပါတယ်..ကိုယ်က..ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်.."
"ဆန်ခေါက်ဆွဲချက်ပေးရမလား"
YOU ARE READING
Blessing
أدب الهواةမင်းကို ကိုယ့်ဆီရောက်အောင် ပို့ပေးခဲ့တဲ့ ဘုရားသခင်ကို ကိုယ်က တစ်သက်လုံးစာအတွက် ကျေးဇူးတင်နေမိတော့မှာ .... ။