2018 , November ,
ရှောင်းရိရှင်း အသက်11နှစ် ..။
"ဒယ်ဒီ မနက်ဖြန် သမီးတို့အပြင်ထွက်လည်ကြရအောင်လေ"
ကြောင်ပုံစံကာတွန်းရုပ်ကလေးတွေပါတဲ့ pajamaလေးနဲ့ သမီးလေးက ဆိုဖာပေါ်ထိုင်နေတဲ့ ရှောင်းကျန့်နားကို ကပ်ချွဲပြီး ပူဆာနေလေရဲ့ ။
ဝမ်ရိပေါ်ကတော့ ရေခဲသေတ္တာရှင်းလင်းရေးလုပ်နေတာမို့ ထိုအသံတွေကိုနောက်ကျောပေးရင်းပဲ နားထောင်နေတယ် ။
"သမီးလေးက ဘယ်သွားချင်လို့တုန်း.."
ရှောင်းကျန့်က သူထိုင်နေတဲ့ဘေးမှာ သမီးလေးကိုထိုင်စေရင်း မေးလိုက်တယ် ။ လက်ကလည်း ဆံပင်ရှည်လေးတွေကို နှစ်ဖက်ခွဲ ထောင်ထောင်လေး စည်းထားတဲ့ခေါင်းလုံးလုံးလေးကိုပွတ်ပေးဖို့ မမေ့။
ရုတ်တရက်ကြီး သမီးလေးက ဝမ်ရိပေါ် ရှိတဲ့နေရာကို ကိုယ်လေးစောင်းပြီး လှမ်းခိုးကြည့်လို့ သူတို့ကိုကြည့်နေတာမဟုတ်မှန်းသေချာပါမှ ရှောင်းကျန့်လည်ပင်းကို လက်လေးတွေနဲ့ဆွဲပြီး နား,နားကပ်လို့ တိုးတိုးလေးပြောလာတယ် ။
"ပါပါးက ဒယ်ဒီ့ကိုစိတ်ကောက်နေတာမလား"
"..."
"အဲ့ဒါကြောင့် သမီးက အဆင်ပြေအောင်လုပ်ပေးမလို့လေ"
"..."
"မနက်ဖြန် ပါပါးကြိုက်တဲ့ရေခဲကိတ်ဝယ်ကျွေးပြီး.."
"..."
"ဒယ်ဒီကပဲ ပြန်ချော့လိုက်နော်.."
"..."
"ပါပါးက ဒယ်ဒီ့ကို အရမ်းစိတ်ဆိုးနေတာထင်တယ်"
"..."
"ညက သမီး ပါပါးဆေးလိပ်တွေသောက်နေတာ မြင်ခဲ့တယ်.."
"ဟုတ်လား.."
"ဟုတ်"
ရှောင်းကျန့် ထိုအကြောင်းကို ကြားပြီးပြီးချင်း စိတ်ထဲမှာ အရမ်းကိုလေးလံသွားတယ် ။ အသက်ကိုရှိုက်ရှူလို့ အလုပ်ရှုပ်နေတဲ့ နောက်ကျောပြင်လေးကို ငေးကြည့်လိုက်တယ် ။
ငယ်လေး သူ့ကို ဂရုမစိုက်တော့တာ ဘယ်လောက်များကြာပြီလဲ ။
YOU ARE READING
Blessing
Fanfictionမင်းကို ကိုယ့်ဆီရောက်အောင် ပို့ပေးခဲ့တဲ့ ဘုရားသခင်ကို ကိုယ်က တစ်သက်လုံးစာအတွက် ကျေးဇူးတင်နေမိတော့မှာ .... ။