တနင်္လာနေ့ရဲ့ကောင်းကင်က မိုးအုံ့ပြီး တစ်ချိန်တည်းမှာပဲ ပူစပ်စပ်နိုင်စွာ ပျင်းရိဖွယ်ကောင်းနေတယ် ။
ဒါပေမဲ့ သူတို့အိမ်ကရှောင်းကျန့်ကတော့ မနက်ခင်းကတည်းက တက်ကြွတဲ့ကြက်ဖလိုမျိုး အစောကြီးထပြီး ဝတ်စုံပြည့်နဲ့ ကုမ္ပဏီကိုသွားဖို့အတွက် ပြင်ဆင်နေတယ် ။ မသိရင် မူကြိုပထမဆုံးရက်ကို စိတ်လှုပ်ရှားပြီး သွားဖို့တရားရားဖြစ်နေတဲ့ ကလေးလိုပဲ ။ ဝမ်ရိပေါ် မနက်စောစောမှာ အလွန်မျက်စိနောက်နေတယ် ။ ကိုယ်ပေါ်မှာ ဝတ်ထားတဲ့ အဲ့ဝတ်စုံကလည်း မနေ့ကမှ အွန်လိုင်းကနေ အိမ်အရောက်ဝန်ဆောင်မှုနဲ့အတူ မှာဝယ်ထားတဲ့ ဝတ်စုံဖြစ်တယ် ။ အဝတ်တစ်ထည် ၊ ကိုယ်တစ်ခုနဲ့ သူ့အိမ်ပေါ်ကိုရောက်လာပြီးကတည်းက ပြန်ဖို့စိတ်ကူးမရှိတော့တဲ့ မစ္စတာရှောင်းဖြစ်တာကြောင့်မို့လေ ။
အဲ့ဒီအချိန်မှာပဲ ကားပြင်ဆိုင်က ရှောင်းကျန့်ရဲ့ကားကို အချိန်ကိုက်ပြန်လာပို့ပါတယ် ။ ရှောင်းကျန့်က ခြံထဲကို ဆင်းသွားပြီး ထိုကားလုပ်ငန်းကလူနဲ့ အနည်းအပါးစကားပြောလို့ လက်ခံပြီးကြောင်းလက်မှတ်ထိုးပေးနေစဥ်မှာပဲ ဝမ်ရိပေါ် ရဲ့မီးဖိုထဲက အလုပ်ဟာလည်း ပြည့်စုံစွာအဆုံးသတ်သွားခဲ့တယ် ။
ထို့နောက် ရှောင်းကျန့် သူ့အငယ်လေးပြင်ဆင်ထားတဲ့မနက်စာကို သွက်သွက်လက်လက် စားတယ် ။ သူ့တစ်ကိုယ်လုံးကို scanဖတ်သလိုမျက်စိဒေါက်ထောက်လိုက်ကြည့်နေတဲ့ အရှေ့ကလူကိုတောင် သတိမပြုမိပါပဲ..။ ပြီးတော့ မစ္စတာရှောင်းဟာ သူ့ပန်းကန်ထဲက မနက်စာတွေ ကုန်သွားတာနဲ့တပြိုင်နက် ဝမ်ရိပေါ်ကို ပတ်တီးစည်းထားတဲ့ လက်တစ်ဖက်နဲ့ဘိုင့်ဘိုင်ပြလို့ နှုတ်ဆက်ရင်း မပြေးရုံတမယ် ကားပေါ်တက်မောင်းလို့ ထွက်သွားလေတော့တယ် ။
ဝမ်ရိပေါ် လက်ထဲက ခက်ရင်းကို စားပွဲပေါ် ညင်သာစွာချလိုက်တယ်။ တိတ်ဆိတ်နေတဲ့အိမ်မှာ နောက်ဆုံးတော့ သူနဲ့ဦးချိုအကောင်လေးပဲ ကျန်တယ် ။ မနေ့ညကလိုပဲ စိတ်ရဲ့အတွင်းမှာ ရှုပ်ထွေးနေတယ် ။ နေ့ချင်းညချင်း တခြားလူလိုပြောင်းလဲသွားတဲ့ ရှောင်းကျန့်ကို သူ.. တွေးကြည့်လို့ မရအောင်ပါပဲ ။
YOU ARE READING
Blessing
Fanfictionမင်းကို ကိုယ့်ဆီရောက်အောင် ပို့ပေးခဲ့တဲ့ ဘုရားသခင်ကို ကိုယ်က တစ်သက်လုံးစာအတွက် ကျေးဇူးတင်နေမိတော့မှာ .... ။