2018 , April ;
ရှောင်းကျန့်အသက် 31နှစ် ၊
ဝမ်ရိပေါ်အသက် 25နှစ် ..... ။ကြမ်းပြင်မှာခင်းထားတဲ့ ဒီမွှေးပွအခင်းက ကိုကိုက သူစာရေးရင်လွတ်လွတ်လပ်လပ် ထိုင်ရေးလို့ရအောင် ဝယ်ပေးထားတာ ။ ဟောဒီစားပွဲခုံပုလေးကလဲ အဲ့လိုပဲ ။ ဒီအခင်းနဲ့တစ်setတည်း..။
အချိန်အခါမဟုတ် ရွာတဲ့မိုးကြောင့် သူ ဒီနေ့ အိမ်မှာပဲ ရေးလက်စဇာတ်ညွှန်းကို လက်စသတ်ပေးနေတယ် ။ နောက်နှစ်နာရီလောက် နေရင်တော့ သမီးလေးကို ကျောင်းကြိုရမယ် ။
မိုးရေစက်တွေစင်တာမို့ ရေငွေ့ ရိုက်နေတဲ့ပြတင်းမှန်ကို လက်နဲ့ပွတ်လိုက်တယ် ။ ကော်ဖီခွက်က ထွက်လာတဲ့ အငွေ့တွေဟာတော့ စိတ်အာရုံကိုဖမ်းစားထားသလိုပါပဲ ။
မိုးရေတွေနဲ့ကော်ဖီပူပူ..။
လိုက်ဖက်တယ်လို့ထင်ရပေမဲ့ မကြိုက်တဲ့လူကတော့ သဘောမတွေ့ပါဘူးလေ ။ ဒီလိုပဲပေါ့ ။ သူနဲ့ကိုကိုလည်း..။ အင်း..သူကတော့ ပြည့်စုံခဲ့တယ်ထင်ပေမဲ့ တစ်ဖက်မှာဒီလိုမဟုတ်နေတာလည်း ဖြစ်နိုင်တယ် ။
တဝုန်းဝုန်းရွာကျနေတဲ့ မိုးရေတွေကို ကြည့်မိလိုက်တယ် ။ အငြိုးတကြီးဆိုသလို အားအင်အပြည့်နဲ့ မြေပြင်ပေါ်ကို ရွာချနေလိုက်တာ ။
မနက်ဖြန်အပြီးပေးရမယ့် အလုပ်က အဆုံးသတ်ခါနီးကိုရောက်နေပြီ ။ စိတ်ဝင်စားမှုတွေကို ထိုပေါ်ပဲ အာရုံစိုက်ရမယ့်အချိန် ။အကောင်းဆုံးဇာတ်ညွှန်းရွေးချယ်မယ့်အထဲ ဆန်ကာတင် ပါထားတာကြောင့်ရော အလုပ်တွေက ဟိုဟိုဒီဒီက ထပ်ပြီး ကမ်းလှမ်းထားကြတယ် ။ သေချာပေါက် ပိုကြိုးစားရမယ် ။ ကိုကိုပြောတဲ့အထဲမှာ အလုပ်လုပ်ရင် စိတ်ပါလက်ပါနဲ့သေသေချာချာဂရုတစိုက်လုပ်ရမယ်လို့လည်း ပါတာကိုး ။
အလုပ်အကြောင်းစဥ်းစားနေရင်းပဲ ကိုကို့အကြောင်းက သူ့ ခေါင်းထဲဝင်လာပြန်ပြီမို့ သက်ပြင်းတစ်ချက်ကိုချလိုက်တယ် ။ ခေါင်းကိုတစ်ချက်လောက်ခါပြီး အာရုံပြန်စိုက်မလို့ စဥ်းစားလိုက်တယ် ။ ဒါပေမဲ့လေ..အင်း..ဒါပေမဲ့ပေါ့ ကိုကို..ကိုကိုက အခုတလော နည်းနည်းထူးဆန်းနေသလားလို့ ။
YOU ARE READING
Blessing
Fanfictionမင်းကို ကိုယ့်ဆီရောက်အောင် ပို့ပေးခဲ့တဲ့ ဘုရားသခင်ကို ကိုယ်က တစ်သက်လုံးစာအတွက် ကျေးဇူးတင်နေမိတော့မှာ .... ။