ရှောင်းကျန့်က ပြဿနာကို တတ်နိုင်သလောက် အချိန်ဆွဲထားတယ် ။ အခုချိန်ထိ ကောင်းကောင်းပတ်ပြေးနိုင်ခဲ့တယ်လို့ ဆိုရမှာပဲ ။
အခုရက်ပိုင်းအတွင်း ရှောင်းဥက္ကဌကြီးက ရှောင်းကျန့်ကို အများကြီး ဆက်သွယ်ခဲ့တယ် ။ အကြောင်းအရာကတော့ သေချာပေါက် အဲ့ဒီတစ်ခုပဲပေါ့ ။ ရှောင်းအိမ်တော်ကို ပြန်လာဖို့သင့်ပြီဆိုတဲ့အကြောင်း ၊ ဒုဥက္ကဌရာထူးကို တကယ်ပဲ လက်မလွှတ်သင့်ကြောင်း..။
ရှောင်းကျန့်ရဲ့ သူ့အဖေအပေါ် နားမလည်ခဲ့နိုင်ခြင်းဟာ ဟိုးအရင်ကတည်းကပဲ ။ ဒါက ဘယ်တော့မှ ပြင်လို့ရမယ့်တစ်ခု မဟုတ်သလို သူ့အဖေရဲ့ သဘောထားတွေကိုလည်း သူမွေးလာခဲ့ကတည်းက ဘယ်တော့မှ တွန်းဖယ်နိုင်ခဲ့ခြင်း မရှိဘူး ။ ..နောက်ဆုံးတစ်ခေါက် သူ ဝမ်ရိပေါ်ကို လက်ထပ်ယူခဲ့ပြီး ထိုအိမ်တော်ကနေ အပြီးအပိုင် ထွက်လာခဲ့တာကို ဖယ်ကြည့်လိုက်ရင်ပေါ့လေ ။ အခုလည်း သူ့ကို မရမက လှမ်းခေါ် ပြီးရှောင်းဥက္ကဌကြီးက အဓိပ္ပာယ်ရှိတဲ့ စကားတွေ အများကြီး ပြောခဲ့တယ် ။ ကျိရန်နဲ့ သူ့ရဲ့ ကုမ္ပဏီ..။ အကုန်လုံးက သူ့တစ်ယောက်တည်းအပေါ်မှာပဲ မှီတည်နေတယ် ။
အရှေ့ကို ကြည့်လိုက်တော့..လမ်းဟာ မွန်းကြပ်ပိမ်းပိတ်နေတယ် ။ သူ့မှာ အာရုံစိုက်စရာတွေ သိပ်များနေခဲ့ပြီး လေးလံလွန်းတဲ့ တာဝန်တွေနဲ့အတူ သူ့ရဲ့ခေါင်းဟာ တင်းတင်းကြပ်ကြပ် ဖိချခံထားရတယ် ။ ရုန်းထွက်ရနိုင်မယ့် လမ်းဆိုတာကို ရှာမတွေ့သေးဘူး ။ အခုထိ..။
____
"ငယ်လေး ..ကိုယ်တို့ ဒေါက်တာကုနဲ့ တွေ့ ကြည့်ကြမလား"
တိတ်ဆိတ်နေတဲ့ ညစာထမင်းဝိုင်းမှာ ရှောင်းကျန့်က စကားစလိုက်တယ် ။ ဝမ်ရိပေါ်ရဲ့ ဘေးခုံမှာထိုင်နေတဲ့ သူတို့သမီးလေးက အသားမွကြော်ထဲ ထည့်ထားတဲ့ မုန်လာဥနီအတုံးသေးသေးလေးတွေကို တူနဲ့ တစ်ခုချင်းဖယ်ထုတ်နေရာကနေ ရှောင်းကျန့်ကို ဖျတ်ခနဲ မော့ကြည့်လာတယ် ။ ဝမ်ရိပေါ်လည်းပဲ ရှောင်းကျန့်ကို ကြည့်လိုက်တယ် ။
အဲ့နောက် ဝမ်ရိပေါ်က ရှောင်းကျန့်ကို အကြည့်လွှဲလို့ သမီးဘက်ကို လှည့်ရင်း သူမ ထမင်းပန်းကန်လုံးလေးကို ကြည့်လို့ ,
YOU ARE READING
Blessing
Fanfictionမင်းကို ကိုယ့်ဆီရောက်အောင် ပို့ပေးခဲ့တဲ့ ဘုရားသခင်ကို ကိုယ်က တစ်သက်လုံးစာအတွက် ကျေးဇူးတင်နေမိတော့မှာ .... ။