ဝက်နံရိုးအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဝမ်ရိပေါ်က ရွေးချယ်ဝယ်ယူလေတယ် ။ သာမန်ထက်လင်းကျင်းနေတဲ့ မျက်စိစူးချင်စရာ မီးအလင်းရောင်ဖြူဖြူဟာ စင်တာတစ်ခုလုံးကို အပေါ်ကနေ အုပ်မိုးပျံ့ နှံနေတယ် ။ ကျွတ်စိကျွတ်စိဆူနေတဲ့ လူသံတွေရယ် ၊ ခပ်တိုးတိုးသီချင်းသံအပြင် သူရောက်နေတဲ့ စားစရာဘက်ခြမ်းမှာတော့ မြည်းစမ်းလို့ရတဲ့ နည်းလမ်းနဲ့အတူ ထိုအဝင်ဝမှာ ချရောင်းနေတဲ့ မုန်လာဥနီလက်လုပ်ချဥ်ရဲ့ အနံ့က ဒီဘက်အထိတောင် ခပ်စူးစူးလေး ရနေတော့တယ် ။
အခု သူတို့ရောက်နေတာဟာ နေရာအကျယ်အဝန်းအရမ်းမရှိပဲ အစုံရှိပြီး ဝယ်ရလွယ်ကူတဲ့ စျေးဝယ်စင်တာ ခပ်သေးသေးလေးတစ်ခု ဖြစ်တာကြောင့်မို့ပဲ နေပါလိမ့်မယ် ။
စျေးဝယ်တွန်းလှည်းကို တရွေ့ရွေ့တွန်းလာခဲ့ရင်း အဓိကဇာတ်ကောင်ဖြစ်တဲ့ ဝက်နံရိုးကိုယူပြီးနောက် အသားတွေရဲ့ စင်နောက်ကျောက အသီးအရွက်တွေထားတဲ့ဘက်ဆီ ရောက်လာခဲ့တယ် ။ အားလုံးက နီရဲပြီး စိုပြေတဲ့ အသွင်အပြင်မျိုး ရှိကြတယ် ။ အရောင်အမျိုးမျိုးတွေနဲ့ သူ့ကို အပြိုင်အဆိုင် ဆွဲဆောင်နေကြသလိုပါပဲ ။ ဝမ်ရိပေါ် အဲ့နားမှာ ခဏရပ်လိုက်ပြီး အချိန်အနည်းငယ်ကြာအောင် လတ်ဆတ်မှုကို သေချာကြည့်ရှုကာ တစ်ခုပြီးတစ်ခု ခြင်းထဲထည့်နေလိုက်တယ် ။
နောက်တော့ သင့်တော်တဲ့မိနစ်တွေ ကုန်ဆုံးလာရင်း အဲ့ဒါက တော်တော်လေး လုံလောက်လုနီးနီး ဖြစ်သွားခဲ့ပါတယ် ။ ဝက်နံရိုးဟင်းချက်ဖို့အတွက် ပြည့်စုံတဲ့အသီးအရွက်တွေက ခြင်းနဲ့အပြည့် စုံလင်သွားတယ် ။
ဆိုပေမဲ့..။ တစ်ခုခုက သူ့ကို လိုအပ်နေသေးသလို ခံစားစေနေပြီး ဝမ်ရိပေါ် နေမထိထိုင်မသာ ဖြစ်နေတယ် ။ သူ့မြင်ကွင်းထဲမှာ မရှိတဲ့ အရာအတွက် ဟိုဟိုဒီဒီမျက်လုံးအလုပ်ပေးလိုက်တယ် ။ ပြီးတော့ တွေ့သွားခဲ့တယ် ။ ပြုံးလိုက်ပြီး တက်ကြွစွာလျှောက်လှမ်းသွားတယ် ။သေချာတောင်မစဥ်းစားပဲ လက်က အဲ့ကိုရောက်သွားပြီး နံနံပင်တွေနှစ်ထုပ်သုံးထုပ်လောက်ကို ပျော်ရွှင်စွာ ကောက်ထည့်ပစ်လိုက်တယ် ။
YOU ARE READING
Blessing
Fanfictionမင်းကို ကိုယ့်ဆီရောက်အောင် ပို့ပေးခဲ့တဲ့ ဘုရားသခင်ကို ကိုယ်က တစ်သက်လုံးစာအတွက် ကျေးဇူးတင်နေမိတော့မှာ .... ။