•5•

2.9K 362 23
                                    


2014 , August 10 ;

ရှောင်းကျန့်အသက် 26နှစ် ၊
ဝမ်ရိပေါ်အသက် 20 နှစ် .......။

ကလေးငိုသံစူးစူးဝါးဝါးဟာ ထွက်လာခဲ့တယ် ။ ခေါင်းတစ်ခုလုံးကို ခေါင်းအုံးအောက်ဖိပြီး ကြိတ်မှိတ်သည်းခံနေပေမဲ့ နားမခံသာတဲ့အဆုံး ငေါက်ခနဲထထိုင်လိုက်ရတယ် ။

သောက်ကျိုးနည်း သာယာလိုက်တဲ့ မနက်ခင်း...။

"အ့ ...သေပါပြီ "

သတိလက်လွတ်ကြောင့် ပိုနာရတယ် ။
အဓိကတရားခံကတော့ ဘေးနားမှာ မှောက်ရက်ကြီးသေနေတုန်း ။

"ရှောင်းကျန့်!! "

"ရှောင်းကျန့် ..ထဦး ၊ ကလေးငိုနေတယ် သွားကြည့်ပေးဦး "

"ရှောင်းကျန့်ရာ ...ထပါဦးဆို !! "

စိတ်တိုလာတာကြောင့် မြင်နေရတဲ့ အဝတ်မပါကျောပြင်ကိုဗြန်းခနဲချလိုက်တယ် ။ ထိုလူကတော့ နိုးမလာ ။ အင့်ခနဲတစ်ချက်ပဲ အသံပြုပြီး ဟိုဘက်ပြန်လှည့်အိပ်သွားပါရဲ့ ။

ဟိုဘက်ခန်းက ကလေးငိုသံက ပိုပိုကျယ်လာတယ် ။
သူကလည်း ခါးနာနေတာ လှုပ်လို့တောင်မရဘူး ။
ဘေးကလူကလည်း ဘယ်လိုနှိုးနှိုး နိုးမလာဘူး ။
စိတ်တွေရှုပ်လာပြီးနောက် ကိုယ့်ဆံပင်ကိုယ်ဆောင့်ဆွဲလိုက်တယ် ။

အဲ့ဒီနောက်တော့ ငိုသံဟာပိုကျယ်လာပါတယ် ။
ကလေးငိုသံအပြင် သူ့အော်ငိုသံပါ ပါတာမလို့ ....။

°°°°°°°°°°°°°

ရုတ်တရက် လန့်နိုးပြီးထထိုင်လိုက်တဲ့ရှောင်းကျန့်က ခေါင်းစုတ်ဖွားနဲ့ပြူးပြူးကြောင်ကြောင် ။ သူ့စိတ်ထဲ တစ်အိမ်လုံးဆူညံနေသလိုပဲ ။

စောင်တစ်ခြမ်းကို ရင်ဘတ်ထိဖုံးလို့ အဝတ်ဝတ်မထားတဲ့ငယ်လေးက မျက်နှာကိုလက်နဲ့အုပ်လို့ ဘာတွေမှန်းမသိ ပလုံးပထွေးအော်နေတယ် ။ သူထင်တာမမှားရင် ဟိုဘက်ခန်းကလည်း ကလေးငိုသံတွေကြားနေရသလိုပဲ ။ ကမ္ဘာကြီးဘာတွေဖြစ်ကုန်ပြီလဲ ။

"ငယ်လေး ...ဘာဖြစ်လို့လဲ "

"ဟမ် ဘာ..ဘာလို့ငိုနေတာလဲ "

"ကိုကို့ပြောလေ ဘယ်နားကဘာဖြစ်လို့လဲ "

အခုမှပြာပြာသလဲ ထလာမေးတဲ့ရှောင်းကျန့်ကို ရိပေါ်က အံကြိတ်ပြီး လက်မောင်းဆီလက်သီးတစ်ချက်ပစ်သွင်းလိုက်တယ် ။

BlessingWhere stories live. Discover now