•16•

1.9K 272 17
                                    

မနက်ငါးနာရီလောက် ဝမ်ရိပေါ် နိုးလာတဲ့အချိန်မှာ ရှောင်းကျန့်က အိမ်တော်ထိန်းဟူ ယူလာပေးတဲ့ အဝတ်အစားအသစ်တစ်စုံကို
သန့်စင်ခန်းထဲမှာ လဲဝတ်ပြီး ပြန်ဝင်လာတဲ့အချိန်ဖြစ်တယ် ။

ဝမ်ရိပေါ် မျက်လုံးပွင့်နေတာကိုမြင်တော့ ရှောင်းကျန့် ကုတင်နားကို အမြန်ပဲတိုးကပ်သွားလိုက်ရဲ့။

"ရိပေါ်..နိုးပြီလား"

ရှောင်းကျန့် မျက်နှာပါသစ်လာခဲ့တာမို့ ရေထိထားကာစမျက်နှာက သာမန်ထက်စိုစိုပြေပြေဖြစ်နေပြီး ရှေ့ဆံပင်နည်းနည်းလေးကပါ ရေစိုနေလျက်ရှိတယ် ။ ဝမ်ရိပေါ်သတိထားမိလိုက်တယ် ။ သူ့ကိုငုံ့ကြည့်လို့မေးနေတဲ့ အဲ့ဒီမျက်လုံးတွေက သူသတိလစ်မသွားခင် နောက်ဆုံးမြင်လိုက်ရတဲ့ မျက်လုံးတွေနဲ့ ဆင်တူတယ် ။

"ရိပေါ်.."

ရှောင်းကျန့် ဝမ်ရိပေါ်နာမည်ကို နောက်တစ်ခါထပ်ခေါ်လိုက်တယ် ။ ထိုတော့မှ ဝမ်ရိပေါ်က ရှောင်းကျန့်အသံကို ကြားပုံပဲ ။

ရှောင်းကျန့် သူတစ်ညလုံးထိုင်နေခဲ့တဲ့ ကုတင်ဘေးက ခုံမှာပဲ ပြန်ဝင်ထိုင်လိုက်တယ် ။ ဝမ်ရိပေါ်ကတော့ သူ့ဦးနှောက်ထဲမှာ ရှိနေတဲ့ လက်ကျန် မန်မိုရီတွေကို အခုမှ ပြန်ဆက်နေတုန်း ။

"သမီးရော"

ငါးစက္ကန့်လောက်ကြာတော့ ခေါင်းအုံးပေါ်ကနေ ခေါင်းကြွပြီး အလန့်တကြား မေးလာတာက ရိရှင်းလေးကိုဖြစ်ပါတယ် ။ ဝမ်ရိပေါ်ရဲ့ မနက်ခင်းလည်ချောင်းသံခြောက်ကပ်ကပ်က အခန်းမှာ ပျံ့လွင့်သွားတယ် ။

"အင်း အိပ်ပျော်နေတယ် ဟိုမှာလေ"

ဝမ်ရိပေါ် ရှောင်းကျန့်ပြတဲ့နေရာကို ကြည့်လိုက်တော့ သူ့ကုတင်ခြေရင်း မလှမ်းမကမ်းက ဆိုဖာရှည်မှာ စောင်လေးခြုံပြီး အိပ်ပျော်နေတဲ့ သူ့သမီးလေးကို တွေ့လိုက်ရတယ် ။

'ဟင်း'

သက်ပြင်းခပ်တိုးတိုးလေး ချလို့ ခေါင်းအုံးပေါ်ကို ခေါင်းပြန်ချပြီး ဝမ်ရိပေါ် ရှောင်းကျန့်ကို လှည့်ကြည့်လာတယ် ။

"ကျေးဇူးပါပဲ ရှောင်းကျန့်"

ရှောင်းကျန့်မျက်နှာဟာ ချက်ချင်း အမူအရာ ပြောင်းသွားပြီး ဒါက ဝမ်ရိပေါ်ရဲ့ပါးစပ်ကနေ သူ့အတွက် ကျေးဇူးတင်စကား ထွက်လာတာကြောင့်ပဲဖြစ်တယ် ။ သူစိမ်းတွေဆိုတဲ့ခံစားချက်ကြီးကို တစ်ဖန်ပြန်ရလိုက်သလို ရှောင်းကျန့်ရင်ထဲမှာ ဆစ်ခနဲဖြစ်သွားတာ အမှန်ပဲ ။

BlessingWhere stories live. Discover now