2013 ခုနှစ် ၊ ဒီဇင်ဘာလ ။
အေးစက်နေတဲ့ ဒီရုံးခန်းငယ်လေးထဲမှာ ရှောင်းကျန့်က အားအင်ကုန်ခန်းစွာနဲ့ ရှိနေတယ် ။ အလိုမကျမှု ၊ စိတ်ပင်ပန်းမှုတွေဟာ မျက်နှာပေါ်မှာ သံမှိုနဲ့ရိုက်ထားသလိုမျိုး ကပ်တွယ်နေပြီး နှလုံးအိမ်ဟာလည်း ဒဏ်ရာရထားသလို သွေးတစက်စက်ကျပြီး နာကျင်နေတယ် ။ ပြောရမယ်ဆိုရင် အဲ့ဒီဒဏ်ရာက လွန်ခဲ့တဲ့ ခြောက်လကတည်းက တရားဝင် စခဲ့တာပဲ..။
ဘယ်သူမှ သဘောမတူခဲ့တဲ့ လက်ထပ်ခြင်းအပြီး တစ်နှစ်အကြာမှာ သူ့ရဲ့ အသည်းငယ်လေးဟာ သူ့အနားကနေ ထွက်ပြေးချင်ခဲ့တယ် ။ ထွက်ပြေးသွားခဲ့တယ် ..။ ထင်တဲ့အတိုင်း ငယ်လေးက သိပ်တော်လွန်းတာပဲ ဖြစ်တယ် ။ ဝမ်ရိပေါ်ဟာ ပြောပြီးပြီးချင်းပဲ သူ့မျက်စိအောက်ကနေ ဖျက်ခနဲ လုံးဝကို ပျောက်ကွယ်သွားခဲ့တာ ။ ဒီအတောအတွင်းမှာ တကယ် အဆက်ဖြတ်သွားခဲ့တာ ဖြစ်ပြီး သတင်း အစအနလေးတောင် မရနိုင်အောင် လုံလုံခြုံခြုံ သေသိပ်စွာ ပုန်းကွယ်နိုင်ခဲ့တယ် ။
သူသိတယ် ။ ဒီအတောအတွင်း သူ့ငယ်လေးက စိတ်ရော ၊ လူရော ပင်ပန်းလွန်းနေတာကို..အင်း သူသိပါတယ် ။ ဒါ့ကြောင့်မို့လို့လည်း သွားခွင့်ပေးလိုက်တာပဲပေါ့ ။ ဘာကမှ အဆင်သင့်ဖြစ်မနေသေးတဲ့ ၊အရာရာ ယိုင်နဲ့နေတဲ့ အခြေအနေနဲ့သူ့နားမှာ အတင်းဆွဲခေါ်ထားပြီး ဒုက္ခတွေကို အတူခံခိုင်းတာထက်စာရင် ..။ သူ့စိတ်တိုင်းကျ ထွက်သွားခိုင်းလိုက်တာကမှ ပိုပြီး အဆင်ပြေတာပဲပေါ့ ။ တကယ်ကို သူ့မှာ ဒီလိုလုပ်ရုံအပြင် မတတ်နိုင်မို့လို့..။
အေးစိမ့်နေတဲ့ ဆောင်းတွင်းရဲ့အလယ်မှာ သူတစ်ယောက်တည်းသာ ရှိနေတယ် ။ နေရာတိုင်းမှာ မီးရောင်စုံတွေနဲ့ ..အိမ်တိုင်းမှာ ပွဲတော်တွေ စည်စည်ကားကား ကျင်းပနေပေမဲ့ သူ့ရဲ့ တစ်ဦးတည်းသော မိသားစုကလေးကတော့ ဘယ်နေရာမှန်းတောင်မသိရတဲ့ အဝေးကို ရောက်နေနှင့်တယ် ။ ရှောင်းကျန့်က သက်ပြင်းတစ်ခုကို လေးပင်စွာ ချလိုက်တယ် ။ မနက်အစောပိုင်းမှာ သစ်ရွက်ရဲ့ထိပ်ဖျားကနေ မြေပြင်ပေါ်ကို ခုန်ဆင်းသွားခဲ့တဲ့ နှင်းရည်စက်တွေလိုပဲ သူ့ရဲ့အလွမ်းတွေဟာလည်း..အဲ့ဒီလိုမျိုး ။
YOU ARE READING
Blessing
Fanfictionမင်းကို ကိုယ့်ဆီရောက်အောင် ပို့ပေးခဲ့တဲ့ ဘုရားသခင်ကို ကိုယ်က တစ်သက်လုံးစာအတွက် ကျေးဇူးတင်နေမိတော့မှာ .... ။