ရှောင်းကျန့် ဝမ်ရိပေါ်ဆီကဖုန်းကို ရပြီးပြီးချင်း ကုမ္ပဏီကနေ ဝုန်းခနဲထပြီး အိမ်ကို ဒုန်းစိုင်းပြေးလာခဲ့တယ် ။ လမ်းမှာ ကားကို ဘယ်လိုမောင်းခဲ့ပြီး ဘယ်လိုရောက်လာခဲ့မှန်းတောင်မသိအောင်ပဲ ။ သူ့သမီးကလေ ။ ဒီအရွယ်လေးနဲ့ အိမ်က ထွက်သွားတယ်တဲ့ ။
အိမ်ထဲ ဝင်လိုက်တာနဲ့ ဆိုဖာပေါ်မှာ ငုတ်တုတ်ထိုင်လို့ ဆောက်တည်ရာမရကြေကွဲနေတဲ့ သူ့ရဲ့ဝမ်ရိပေါ်ကို ရှာတွေ့တယ် ။
"ရှောင်းကျန့်.."
ဝမ်ရိပေါ်က သူ့ကို မြင်မြင်ချင်းပဲ မတ်တပ်ရပ်လာပြီး ရေနစ်နေတဲ့လူ ကောက်ရိုးတစ်မျှင်တွေ့လို့ အားကိုးတကြီး ဖမ်းဆုပ်လိုက်သလိုမျိုး ပြုမူလိုက်ပြီး သူကမ်းပေးထားတဲ့လက်တွေကို တုန်ယင်အေးစက်နေတဲ့လက်တွေနဲ့ ပြန်ပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လာခဲ့တယ် ။
"ရှောင်းကျန့် ဘယ်လိုလုပ်မလဲ ကျွန်တော် ကျွန်တော်လေ"
ရှောင်းကျန့် ဝမ်ရိပေါ် လက်တွေကို ဖိညှစ်လိုက်ပြီး ဆိုဖာပေါ်အရင်ပြန်ထိုင်ခိုင်းလိုက်တယ် ။ နောက်တော့ ပုခုံး အပေါ်ကနေ အောက်ကို ခပ်ဖွဖွကလေး ပွတ်ပေးလိုက်ပြီး ဖြေသိမ့်ပေးနေရင်း ဝမ်ရိပေါ်ကတော့ သူ့ကို ဖြစ်ကြောင်းမှန်သမျှ ပြောပြလာတယ် ။
"အရင်ဆုံး စိတ်ကိုအေးအေးထား ရိပေါ်.."
"ကိုယ်တို့သမီးလေးက ဝေးဝေးလံလံ မသွားတတ်လောက်ပါဘူး"
"ဟန်နာရော ..သူ့သူငယ်ချင်းဆီရော မေးပြီးပြီလား"
"ခုနက ဖုန်းဆက်လိုက်ပြီးပြီ သူ့ဆီလည်း မလာဘူးတဲ့ "
"ကျွန်တော်..တကယ်တော့ ကျွန်တော် အဲ့လိုမလုပ်လိုက်သင့်ဘူး"
ဝမ်ရိပေါ်က သူ့ရဲ့အလေ့အကျင့်အတိုင်း နောက်ဆုံးမှာ သူ့ကိုယ်သူပဲအပြစ်တင်တယ် ။ မျက်နှာကိုလက်နဲ့အုပ်ချပြီး မျက်ရည်တွေကို တားဆီးနေပေမဲ့ ထိုလက်တွေကြားထဲကပဲ မျက်ရည်တွေဟာ စီးကျလာခဲ့တယ် ။
ရှောင်းကျန့် ဝမ်ရိပေါ်ကိုယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ် ။ ပူနွေးနေတဲ့ကိုယ်လေးက သူ့ရင်ဘတ်ထဲ ဝင်လာပြီး ရှောင်းကျန့်ရဲ့ ရှပ်အင်္ကျီဟာ စိုလာရင်း ဝမ်ရိပေါ်ဟာ ငိုဖို့အတွက် အင်အားတွေရသွားသလိုမျိုး ၊ ဆိတ်ကွယ်ဖို့ နေရာရသွားသလိုမျိုး..။ ဝမ်ရိပေါ်က အသံအုပ်အုပ်ထွက်တဲ့ထိ ငိုခဲ့ပါတယ် ။
YOU ARE READING
Blessing
Fanfictionမင်းကို ကိုယ့်ဆီရောက်အောင် ပို့ပေးခဲ့တဲ့ ဘုရားသခင်ကို ကိုယ်က တစ်သက်လုံးစာအတွက် ကျေးဇူးတင်နေမိတော့မှာ .... ။