Unicode
Su Hang မှာ Shen ကုမ္ပဏီသို့လာခြင်းမဟုတ်ဘဲ သူတို့အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် လာခြင်းဖြစ်သည်။ သူနှင့်အတူ ရှေ့နေများ၊ ဥပဒေအကြံပေးအဖွဲ့များ ဟူ၍ တစ်ယောက်တလေမှပင် မတွေ့ရဘဲ တစ်ယောက်တည်း လာခြင်းဖြစ်သည်။
ထိုနေ့က Shen Xi အပြင်မထွက်ဘဲ အိမ်၌သာရှိနေသည်။ ထို့ကြောင့် Su Hang ရောက်လာသည့်အခါ သူမအဖေနှင့် ဆွေးနွေးနေသည်များကို ထောင့်တသ်နေရာမှကွယ်၍ ရင်တထိတ်ထိတ်ဖြင့် သူမ နားထောင်နေလိုက်သည်။
Su Han :"ဥက္ကဋ္ဌ Shen၊ ခင်ဗျားလိုသလောက် ကျွန်တော့ဘက်က ချေးငွေထုတ်ပေးမယ်။"
"ဥက္ကဌ Su၊ အခုကြုံတွေ့နေရတဲ့ ပြဿနာကြောင့် ကျွန်တော့်တို့ဘက်က လိုအပ်တဲ့ ငွေပမာဏကိုရော ခန့်မှန်းမိရဲ့လား။"
Su Han :"ဒီကိုမလာခင် Shen အုပ်စုရဲ့အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ကျွန်တော်စုံစမ်းလေ့လာပြီးသားပါ။"
ထို့နောက် စာရွက်လှန်သံများက တိတ်ဆိတ်နေသည့် ဧည့်ခန်းကို သက်ဝင်လှုပ်ရှားသွားစေသည်။ ခဏကြာသည့်အခါ Shen ပါးပါးက
"Shen အုပ်စုအနေနဲ့ ဒီအကျပ်အတည်းကိုရင်ဆိုင်ပြီး မူလအခြေအနေထိပြန်ရောက်အောင် လုပ်ဖို့ဆိုရင် သိန်းသုံးထောင် လိုတယ်။"
Su Han :"အခု ဖြစ်နေတဲ့ပြဿနာကို ချွင်းချက်အနေနဲ့ထားပြီး ပြောရမယ်ဆိုရင် Shen အုပ်စုက အရမ်းကို အလားအလာကောင်းတဲ့ ကုမ္ပဏီကြီးတစ်ခု၊ တကယ်လို့ Shen ကုမ္ပဏီကိုသာ အခွင့်အရေးနောက်ထပ်တစ်ကြိမ် ပေးလိုက်မယ်ဆိုရင် အောင်မြင်မှုတွေနဲ့အတူ စီးပွားရေးလောကမှာ ပြန်လည်ဦးမော့လာနိုင်မယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။"
"မင်းက ငါတို့ကို ငွေချေးယုံ သက်သက်ပဲလား၊ Shen အုပ်စုရဲ့ ရှယ်ယာတွေကို ဝယ်ချင်လို့ အခုလိုလာပြောနေတာလား။"
Shen ပါးပါး၏ လေသံက သံသယအပြည့်ပင်။
Su Han :"ရှယ်ယာတွေဝယ်ဖို့ ကျွန်တော် လုံးဝစိတ်ကူးမရှိပါဘူး၊ ငွေချေးပေးယုံ သက်သက်ပါ။"
"ဘာလို့ အခုလို ကူညီရတာလဲ။ ငါက ဒီစီးပွားရေးလုပ်ငန်းကို နောက်တစ်ကြိမ်အောင်မြင်အောင် လုပ်နိုင်မယ်ဆိုတဲ့ အချက်တစ်ခုတည်းကြောင့်တော့ မင်းကူညီတာ မဖြစ်နိုင်ဘူး။
YOU ARE READING
ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅
Romanceမူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) မူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) https://edi...