Unicode - အတိတ်ဘဝက အိမ်ထောင်ရေး
* * *
သီချင်းပြီးဆုံးသွားသည့်အခါ Shen Xi အားပွေ့ဖက်လျက်အနေအထားဖြင့် ကနေသည့်နေရာမှ ထွက်လာကြသည်။ သူမ အား ဆိုဖာပေါ်၌ နေရာချကာ ခြေထောက်အနား၌ ခေါင်းငုံ့ထိုင်ချလိုက်သည်။ Su Hang ရင်ထဲ၌မူ မိမိကိုယ်ကို အပြစ်တင်မဆုံးဖြစ်နေကာ သူမ အား
"မင်းခြေထောက်က အဆင်ပြေရဲ့လား။"
"အင်း... အဆင်ပြေပါတယ်။"
ဘာမဟုတ်သည့် အသေးအဖွဲကိစ္စလေးတစ်ခုအား Su Hang ရေးကြီးခွင်ကျယ်လုပ်နေသည်ဟုပင် Shen Xi ထင်မိတော့သည်။
"ရှင့်ခြေထောက်က ကျွန်မကို သိပ်မနင်းမိပါဘူး။"
စစချင်း၌ သူမ၏ ရွတ်ဆိုသံအတိုင်း Su Hang ကကွက်ပြောင်းကာ အမှားအယွင်းမရှိ ကနိုင်သွားသည်။ ထို့ကြောင့် သီချင်း၏နောက်ဆုံးပိုင်းသို့ ရောက်လာသည့်အခါ Su Hang ကတတ်သွားပြီ အထင်နှင့် သူ့အား ဘာညွှန်ကြားချက်မှ Shen Xi မပေးတော့ပေ။
သို့သော် သူမ ၏ ရွတ်ဆိုသံကို မကြားရတော့သည့်အချိန်၌ Su Hang တစ်ယောက် အိပ်မက်မှလန့်နိုးလာသူပမာ ကြောင်သွားသည်။ သူမ နှုတ်မှဘာသံမှ ထွက်မလာတော့ဟူသည့်အတွေးကြောင့် လန့်သွားကာ သူ၏ကကွက်များက ဖရိုဖရဲဖြစ်သွားသည်။ နောက်ဆုံး၌ Shen Xi အား နောက်ထပ်တစ်ကြိမ် Su Hang တက်နင်းမိပြန်တော့သည်။
Su Hang မှာ အကခန်းမမှ လက်ထောက်သင်တန်းဆရာ ငါးယောက်၏ ခြေထောက်ကို တင်းနင်းခဲ့သူဖြစ်သည့်အတွက် သူနင်းလိုက်သည့်အခါ မည်မျှနာကျင်သွားမည်ကို သိနေသည်။
စိတ်သောကရောက်နေသည့် Su Hang တစ်ယောက် သူမ ဂါဝန်စကိုမ,၍ အနင်းခံထားရသည့်နေရာကို ကြည့်ချင်စိတ်များက တဖွားဖွားပေါ်လာသည်။ သို့သော် ထိုသို့လုပ်လိုက်၍ Shen Xi စိတ်ဆိုးသွားမည်ကိုလည်း စိုးရိမ်နေမိပြန်သည်။
"ကျွန်မခြေထောက်က ရပါတယ်။ တကယ်ပြောတာ၊ ရှင် မယုံရင်ကြည့်။"
ဟုဆိုကာ Su Hang ဘာတွေးနေသည်ကို သိနေသကဲ့သို့ သူမ ဂါဝန်အနားစကို Shen Xi မြှောက်ပြလိုက်သည့်အခါ ငွေရောင်ဒေါက်ဖိနပ်ရှည်နှင့်အတူ ဖြူဖွေးဝင်းမွတ်နေသည့် ခြေထောက်တစ်စုံပေါ်လာတော့သည်။
YOU ARE READING
ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅
Romanceမူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) မူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) https://edi...