အခန်း (၁၈.၃) - Bonus

5.8K 721 17
                                    

Unicode - ကြယ်တာရာ ပရဟိတ မိတ်ဆုံစားပွဲ

* * *

ထိုအချိန်၌ ဒုတိယထပ်မှ အိပ်ခန်းတွင်

ပွပွယောင်းယောင်း အမွှေးပွကော်ဇောထူထူပေါ်တွင် Shen Xi ဒူးလေးထောက်ရင်း ပျော်ရွှင်မြူထူးနေသည့် Chu Wu နှင့် ကစားနေသည်။ Shen Xi ပြုံးကာ

" Chu Wu ၊ ငါဒီနေ့ အရမ်းပျော်တယ်။"

"ဝုတ်!"

မိခင်ဖြစ်သူမှ သူ့အား စကားပြောလာသည်ကိုမြင်သည့်အခါ Chu Wu ကျေနပ်သွားသည်။

"ဒီနေ့ ငါတို့နှစ်ယောက် ရေကန်နားမှာ ဒိတ်လုပ်ဖြစ်ခဲ့ကြတယ်၊ သိလား။"

"ဝုတ်!"

"ရိုက်ထားတဲ့ ဓာတ်ပုံကိုကြည့်ကြည့်ဦး။"

"ဝုတ်!"

Chu Wu အမှန်နားလည်မည်လားဆိုသည်ကိုမူ Shen Xi ထည့်တွက်မနေတော့ပေ။

"ဝုတ်၊ ဝုတ်!"

"(*^__^*) ခခ်ခခ်..."

စိတ်ပျော်နေသည့် Shen Xi တစ်ယောက် လက်ထဲမှခေါင်းအုံးကို ဖက်လျက် ကော်ဇောပေါ်တွင် ဘယ်ညာလူးလွန့်နေတော့သည်။

မိခင်ဖြစ်သူမှာ ကြမ်းပြင်ပေါ်၌ သဘောကျစွာ တခခ်ခခ်ရယ်နေသည်ကို Chu Wu တွေ့လိုက်ရသည်။ အချိန်အတော်ကြာအောင်စောင့်ပြီးသည့်တိုင် သူနှင့်ပြန်ကစားမည့်ပုံမပေါ်ဘဲ ကြမ်းပြင်ပေါ်၌သာ လူးလိမ့်နေသည်ကို Chu Wu မြင်တော့သည်။

နောက်ထပ်ခဏကြာအောင် အမြီးလေးတလှုပ်လှုပ်ဖြင့်စောင့်ပြီးသည့်အခါ အောက်ထပ်၌ရှိသည့် ဖခင်ဖြစ်သူ၏ အခန်းသို့ Chu Wu ပြေးသွားတော့သည်။ ယခုအချိန်ထိ သူ၏ချစ်ဖေကြီးအား လျှာဖြင့်မလျက်ရသေးပေ။

"ဝုတ်၊ ဝုတ်!"

Chu Wu အိပ်ခန်းတံခါးကို တွန်းဖွင့်ပြီးသည့်အခါ အထဲ၌အဝတ်စားလဲနေသည့် Su Hang အား ဟောင်သံပေးတော့သည်။

"နောက်ဆုံးတော့ မင်းအောက်ဆင်းလာပြီပေါ့။"

"ဝုတ်၊ ဝုတ်!"

အမြီးလေးရမ်းကာ အူမြူးနေသည့်ခွေးကလေးအား Su Hang မကျေမနပ်ကြည့်လိုက်သည်။

"ဝုတ်၊ ဝုတ်!"

Su Hang တစ်ယောက် ပြုံးလိုက်ပြီး Chu Wu အား ပွေ့ချီကာ မ,လိုက်သည်။ အခန်းပြင်သို့ထွက်၍ ဧည့်ခန်းကိုဖြတ်ပြီးသည့်အခါ Chu Wu အား လှောင်အိမ်ထဲတွင် တစ်ခါတည်းထည့်ပိတ်လိုက်ပြန်တော့သည်။

ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅Where stories live. Discover now