အခန်း (၅.၃)

6.5K 831 11
                                    

Unicode

"ဒီလိုတွေမပြောပါနဲ့။ မေမေက သမီးတို့အတွက် အရေးကြီးတဲ့ လူပဲလေ။"

Shen မားမားလက်ကိုဆွဲရင်း

"ပြီးတော့ အမှန်အတိုင်းပြောရမယ်ဆိုရင် သမီး Su Hang ကို အရမ်းကျေးဇူးတင်တယ်။ သူသာ ရောက်မလာခဲ့ရင် ဘာဆက်လုပ်ရမလဲဆိုတာကို သမီးတို့သိမှာ မဟုတ်ဘူး။ အခု မေမေနဲ့ ဖေဖေတို့နှစ်ယောက်လုံး အဆင်ပြေနေတာတွေ့ရတော့ သမီးလည်း ဝမ်းသာတာပေါ့။"

"ဒါပေမဲ့ သမီးက..."

မိဘများ အမုန်းဆုံးသောအရာမှာ သားသမီးများ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနေသည့် အဖြစ်မျိုးကို ကြည့်နေရခြင်းပင် ဖြစ်သည်။

"Su Hang က သမီးကို တကယ် ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။"

မိခင်ဖြစ်သူအား သူမတို့နှစ်ယောက်၏ အခြေအနေကို ရှင်းပြလိုက်သည်။

"အခုဆို သမီးတို့နှစ်ယောက်က လက်ထပ်ပြီးတဲ့ ဇနီးမောင်နှံတွေဖြစ်သွားကြပြီ။ ဒီတော့ မေမေက သူ့ကို အသိအမှတ်ပြု၊ လက်ခံပေးလိုက်လို့ မရဘူးလား။"

"သမီးလေး... မေမေတို့ တကယ်တောင်းပန်ပါတယ်။"

Shen မားမား၏အသံမှာ အက်ကွဲတုန်ရီနေပြီး ငိုခါနီးဖြစ်နေသည့် အသံကြောင့် Su Hang ဆက်နားထောင်ရန် သတ္တိမရှိတော့ပေ။

အပြင်သို့ ပြန်ထွက်သွားပြီး သူနာပြုဆရာမများ ရှိနေသည့်နေရာသို့သွားကာ သစ်သီးများထည့်ရန် ပန်းကန်တစ်ချပ် တောင်းယူလိုက်သည်။ ထို့နောက် အနားရှိ ဘေစင်တစ်ခု၌ သစ်သီးများကို ဆေးနေလေသည်။

ဆယ်မိနစ်ကြာသည့်အခါ ဆေးထားသည့်သစ်သီးများနှင့်အတူ Su Hang ပြန်ရောက်လာသည်။ Shen မားမား၏ မျက်နှာအမူအရာမှာ စောစာကအခြေအနေထက် အတော်လေး ကောင်းမွန်နေပြီဖြစ်သည်။

သူမတို့နှစ်ယောက် အိမ်ပြန်တော့မည့်အချိန်သို့ ရောက်သည့်အခါ Shen ပါးပါးမှာ Su Hang အား ထောင့်တစ်နေရာသို့ခေါ်သွားကာ မျက်နှာတည်ဖြင့်

"Su Hang ၊ Shen Xi က ငါတို့ရဲ့ မင်းသမီးလေးပဲ။ ဒီတော့ မင်းသူ့အပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံသွားဖို့ ငါ့မျှော်လင့်တယ်။

ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅Tempat cerita menjadi hidup. Temukan sekarang