Unicode
ထိုအဖြစ်အပျက်အပြီးတွင် Shen Xi အိမ်ပြန်ရောက်သည်နှင့် ဒေါ် Zhang အား အကြောင်းစုံ မေးမြန်းရတော့သည်။ ထို့နောက်တွင် ထမင်းပွဲပြင်သည့်အချိန်တိုင်း အစပ်ပါသည့်ဟင်းပွဲနှင့် မပါသည့်ဟင်းပွဲကို သပ်သပ်စီခွဲထည့်စေသည်။
သို့သော် Su Hang ၏လက်များက အစပ်ဟင်းလျာများထားသည့်ဘက်သို့ အမြဲလိုလိုရောက်သွားပြန်ကာ စားမြဲစားလျက်ရှိပြန်သည်။ ထို့ကြောင့် Su Hang အား တားမရတော့သည့်အတူတူ သူမ ကိုယ်တိုင်ပါ အစပ်ရှောင်ရန် ဆုံးဖြတ်လိုက်ရတော့သည်။
ထိုအချိန်မှစ၍ ထမင်း၊ ဟင်းချက်သည့်အခါတိုင်း ငရုတ်သီးမထည့်ရန် ဒေါ် Zhang အား ပြောပြထားလိုက်သည်။ နှစ်အနည်းငယ်ကြာသည်အထိ ဤအတိုင်းစားပြီးသည့်အခါ Shen Xi ကိုယ်တိုင်လည်း အာပူလျှာပူ အစားအစာများ စားတတ်သည့်အကျင့် ပျောက်သွားတော့သည်။
"ဒါဆို မင်းအခု ဘယ်လို အစားအသောက် စားရတာ ကြိုက်လဲ။"
Su Hang မနေနိုင်ဘဲ မေးမိတော့သည်။
ချစ်ရသူထံမှ အဖြေလိုချင်သည့်နှယ် အလောတကြီး မေးလာသည့် သူ၏အမေးကြောင့် Shen Xi ကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားသည်။
"ငါ... ငါက ဒီအတိုင်းမေးလိုက်တာပါ။"
ဆန္ဒစောသွားသည် သူ၏အပြုအမူကြောင့် Su Hang ကိုယ့်ကိုယ်ကို မလုံမလဲဖြစ်သွားသည်။ သူ့ရင်ထဲ၌ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားသည့် အမှန်တရားများကို When Xi သိသွားမည်စိုး၍ သူမထံမှ ချက်ချင်း အကြည့်လွှဲလိုက်သည်။
"အခုတော့ ကျွန်မက အပေါ့စာတွေပဲ ကြိုက်တော့တယ်။ ...ဒါနဲ့ အခုန ကျွန်မတို့အပြင်မထွက်ခင်တုန်းက အိမ်မှာဟင်းချက်တဲ့အခါ အစပ်ရှောင်ဖို့ ဒေါ် Zhang ကို မှာထားခဲ့လိုက်တယ်။"
ထို့နောက် သူမ ပုံစံက အနည်းငယ် ချီတုံချတုံဖြစ်နေဟန်ဖြင့်
"...ရှင့်အကြိုက်ကိုမမေးဘဲ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချလိုက်မိလို့ ဆောရီးပါ။ တကယ်လို့ ကျွန်မရွေးထားတာက ရှင့်အတွက် အဆင်မပြေဘူးဆိုရင်လည်း ဒေါ် Zhang ကို ပြန်ပြောလိုက်မယ်လေ။"
BINABASA MO ANG
ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅
Romanceမူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) မူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) https://edi...