Unicode - မင်္ဂလာဦးည
* * *
Shen Xi ပြောလိုက်သည့် စကား၏နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သွားပြီဟူ၍ ယုံကြည်လိုက်သည့်အခါ Su Hang စိတ်ထဲမှအပူလုံးကြီးကျသွားပြီး စိတ်သက်သာရာရသွားတော့သည်။ ရုတ်တရက်ဖြစ်ပေါ်လာသည့် သူ့ကိုယ်ထဲမှပျော်ရွှင်ဝမ်းသာမှုကြောင့် စောစောကပြောခဲ့သည့် စကားများကို အကြိမ်ကြိမ် ပြန်စဉ်းစားတော့သည်။ စိတ်ကူးထဲ၌တွေးရင်း တစ်ယောက်တည်းပြုံးနေမိသည်မှာ ဖုန်းမြည်သံတစ်ခုက နှောင့်ယှက်ဖျက်ဆီးလာချိန်ထိပင် ဖြစ်သည်။
Su Hang ဖုန်းကိုင်လိုက်သည့်အခါ တစ်ဖက်မှ Li Qingyuan ၏ အောင်မြင်ခန့်ညားသော အသံကိုကြားရတော့သည်။ "အခုချိန်ထိ ကုမ္ပဏီမှာပဲ ရှိနေတုန်းမဟုတ်လား။ အပြင်သွားပြီး တစ်ပွဲလောက်ချရအောင်။"
"ငါ မအားဘူး။ အိမ်ပြန်တော့မှာ။" Su Hang ချက်ချင်းငြင်းလိုက်သည်။
"Shen Xi အိမ်မှာမရှိဘဲနဲ့များ ဘာကို စောစောပြန်နေဦးမှာလဲ။" Li Qingyuan မေးလာသည်။
"မင်း ဘယ်လိုသိနေတာလဲ။"
"Shen Xi သာ အိမ်မှာရှိနေရင် အစ်ကို ဒီအချိန် ကုမ္ပဏီမှာ ဘယ်လိုလုပ်ရှိတော့မှာလဲ။" ထို့နောက် Su Hang အား လေချိုသွေးကာ မရမက ခေါ်တော့သည်။ "လာပါ၊ အပြင်ထွက်ပြီး တစ်ခွက်လောက်သောက်ကြတာပေါ့! အချိန်မကြာစေရပါဘူး။"
Su Hang နာရီငုံ့ကြည့်လိုက်သည်။ Li QingYuan နှင့် မတွေ့ဖြစ်သည်မှာလည်း အချိန်အနည်းငယ် ကြာနေပြီဖြစ်၍ နောက်ဆုံး၌ Su Hang သဘောတူလိုက်တော့သည်။
ဆိတ်ငြိမ်အေးချမ်းသည့် အရက်ဘားခပ်သန့်သန့်တစ်ခုတွင် နှစ်ယောက်သား သွားဖြစ်ကြသည်။ Su Han အရက်မသောက်နိုင်သည်ကို သိနေ၍ ဘီယာ ခြောက်ဘူးသာ Li QingYuan မှာလိုက်တော့သည်။ နှစ်ဘူးကိုဖွင့်ပြီးသည့်အခါ တစ်ဘူးကို Su Han ထံလှမ်းပေးလိုက်ပြီး "ရော့... ဒီတစ်ဘူးတော့သောက်လို့ရတယ်။ ကျန်တာအကုန် ကျွန်တော့်ဟာ။"
Su Han ၌ အစာအိမ်အနာရှိသော်လည်း ဘီယာတစ်ဘူးလောက်က ကိစ္စမရှိပေ။ ထို့ကြောင့် Li QingYuan ပေးလာသည့်ဘူးကိုယူကာ တစ်ငုံသောက်ချလိုက်တော့သည်။
CZYTASZ
ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅
Romansမူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) မူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) https://edi...