Unicode
***
မနက်စာအတွက် သူ၏အတွင်းရေးမှူး ဝယ်လာသည့် အစားအသောက်များကို မီးဖိုထဲ၌ယူသွားကာ ပန်းကန်ထဲ၌ ပြောင်းထည့်လိုက်သည်။ မနက်စာပြင်ဆင်ပြီးသောအခါ အစားအသောက်များ ထည့်ထားသည့်ပန်းကန်များကို ထမင်းစားပွဲပေါ်တွင် တင်ထားလိုက်တော့သည်။
ထို့နောက် အပေါ်ထပ်သို့ သွား၍ Shen Xi အား မနက်စာစားရန် သွားခေါ်ရန် သင့်၊ မသင့်ကို စဉ်းစားနေမိသည်။ ထိုအချိန်၌ Shen Xi မှာ အဝါနုရောင် ဇာပန်းပွင့်များဖြင့် ဒီဇိုင်းဖော်ထားသည့် ဂါဝန်ဝတ်လျက် လှေကားပေါ်မှဆင်းလာသည်ကို သူ လှမ်းမြင်လိုက်ရတော့သည်။
"မောနင်းပါ။"
သူမ ပြုံးပြီး နှုတ်ဆက်လိုက်သည်။ ထမင်းစားစားပွဲ၌ ရပ်နေသည့် Su Hang မှာ သူမ မြင်ကွင်းထဲ၌ ရင်းနှီးနေသည့်ပုံစံအတိုင်းပင် မပြောင်းလဲဘဲရှိနေလေသည်။
"မောနင်း"
Su Hang ၏နှုတ်မှ သူ့အလိုလိုထွက်သွားသည့်တိုင် လူက စက္ကန့်အနည်းငယ်အကြာမှသာ သတိပြန်ဝင်လာသည်။ ထို့နောက် စားပွဲပေါ်မှ မနက်စာကိုညွှန်ပြကာ
"ငါ မနက်စာပြင်ထားပြီးပြီ။"
စားပွဲအနားသို့ Shen Xi လျှောက်သွားလိုက်ပြီး တခမ်းတနား ပြင်ဆင်ထားသည့် မနက်စာကိုကြည့်ရင်း
"ကြည့်ရတာ တော်တော်အရသာရှိမယ်ထင်တယ်။"
"မင်းသဘောကျတယ်ဆိုရင် ပြီးတာပါပဲ။"
Su Hang လည်း သူမ အား ထမင်းစားတူနှင့် ဇွန်းများလှမ်းပေးပြီးနောက် Shen Xi နှင့် မျက်နှာချင်းဆိုင်တွင်နေရာယူကာ စားပွဲတစ်ဘက်၌ ထိုင်လိုက်သည်။
"ကျေးဇူးပါ။"
သူပေးလာသည့် ထမင်းစားတူနှင့် ဇွန်းကိုလှမ်းယူကာ ကျေးဇူးတင်ကြောင်း သူမ ပြောလိုက်သည်။
"ရပါတယ်။"
Su Hang ဘက်မှလည်း အလိုက်သင့်ကလေး ပြန်ပြောလိုက်သည်။
သို့သော် ဤသို့အပြန်အလှန်ပြောပြီးသည့်အခါ တစ်ခုခုမှားနေသကဲ့သို့ သူမ ခံစားမိသည်။ ထို့ကြောင့် မနက်စာစားရင်း အဖြစ်အပျက်များကို သေသေချာချာ ပြန်လည်သုံးသပ်တော့သည်။
YOU ARE READING
ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅
Romanceမူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) မူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) https://edi...