Unicode - သူရဲဘောကြောင်သူ
* * *
အခန်းတံခါးကို Su Hang အားဖြင့် ပိတ်ချလိုက်သည်။ အပေါ်မှထပ်ဝတ်ထားသည့် ကုတ်အင်္ကျီကိုဆွဲချွတ်ပြီးနောက် ကြမ်းပြင်ပေါ်သို့ပစ်ချကာ ဆက်လျှောက်သွားသည်။ ရေချိုးခန်းထဲသို့ ပြေးဝင်သွားကာ ရေပန်းဖွင့်ပြီး ရေခဲတမျှအေးစက်နေသည့် ရေအောက်တွင် ရပ်နေတော့သည်။
သူ့ကိုယ်ပေါ်သို့ စီးကျလာသည့်ရေအေးများကြောင့် အထဲမှ အလိုဆန္ဒရမ္မက်ကို ငြိမ်းသတ်နိုင်သည့်အချိန်ရောက်မှသာ Su Hang သက်ပြင်းချနိုင်တော့သည်။ ရေချိုးခန်းနံရံနှင့် ကျောချင်းကပ်အနေအထားတွင် ရပ်လိုက်ရင်း မျက်လုံးမှိတ်ကာ စောစောကအကြောင်းများကို ပြန်တွေးစဉ်းစားတော့သည်။
စောစော... စောစောတုန်းက သူ... သူ့ဘက်မှ Shen Xi အား.... လုပ်မိတော့မလို...
နီရဲနေပြီဖြစ်သည့် မျက်လုံးများကိုဖွင့်လိုက်ကာ ကိုယ့်ကိုယ်ကိုယ် Su Hang သတိပေးစကားဆိုတော့သည် -
မင်းနဲ့ Shen Xi လက်ထပ်တာ အခုမှနှစ်လပဲရှိသေးတယ်! အရမ်းစိတ်မလောနဲ့၊ မင်းဘက်က ဆန္ဒစောသွားရင် သူလန့်သွားလိမ့်မယ်။
သို့သော် ရှက်ပြုံးကလေးနှင့်ဖြစ်နေသည့် အမူအရာ၊ မျက်ရည်စများတွဲခိုနေသည့် မျက်ဝန်းများနှင့် နှုတ်ခမ်းလေးကိုဖိကိုက်ထားပုံလေးတို့က... အေးစက်နေသည့် ရေပန်းအောက်သို့ နောက်ထပ်တစ်ကြိမ် Su Hang ဝင်သွားရပြန်တော့သည်။
ထိုအချိန်၌ ဧည့်ခန်းထဲမှ ဆိုဖာပေါ်တွင်ထိုင်နေသည့် Shen Xi မှာ သူမ အနောက်မှ တံခါးဆောင့်ပိတ်သံကိုကြားလိုက်ရသည်။ ခပ်တင်းတင်းပိတ်ချလိုက်သည့် တံခါးကိုကြည့်ရင်း 'ယောက်ျားတစ်ယောက်ရဲ့ စိတ်ကိုနားလည်ဖို့ မကြိုးစားနဲ့' ဟူသည့် စကားကိုပင် သတိရမိတော့သည်။
တိတ်တဆိတ်သက်ပြင်းချကာ ကျန်ဖိနပ်တစ်ဖက်ကို သူမ ချွတ်လိုက်ချိန်၌ ဖြူဖွေးဝင်းမွတ်နေသည့် ခြေထောက်တစ်စုံပေါ်လာသည်။ ခြေဗလာနှင့် သူမ မတ်တတ်ရပ်လိုက်ပြီးနောက် အပေါ်ထပ်သို့သွားရန် လမ်းလျှောက်လာသည့်အခါ သူမ ဂါဝန်အနားစက စောစောက ဆေးလိမ်းထားသည့် ညာခြေပေါ်သို့ တွဲကျနေတော့သည်။
YOU ARE READING
ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅
Romanceမူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) မူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) https://edi...