Unicode - BaGua မြို့သို့ အလည်တစ်ခေါက်
* * *
ဒီဇင်ဘာ ၂၃ ရက်၊ သောကြာနေ့။
အဝေးပြေးလမ်းမကြီးပေါ်၌ လေဆိပ်သို့ဦးတည်မောင်းနေသည့် ကားတစ်စီးက အရှိန်မှန်မှန်သွားနေသည်။ ကားထဲ၌မူ နံဘေး၌ ထိုင်နေသူကို Shen Xiဇဝေဇဝါဖြင့် မေးနေမိသည်။ " ရှင်တကယ်သွားချင်လို့လား။"
"အင်း။" Shen Xi သူ့အား ဤမေးခွန်းမေးနေသည်မှာ ယခုအခေါက်နှင့်ဆိုလျှင် သုံးကြိမ်ရှိပြီဖြစ်သည်။ Su Hang ကလည်း သူဖြေနေကျအတိုင်း ခေါင်းညိတ်ပြသည်။
"ဘာဖြစ်လို့ ရုတ်တရက်ကြီး လာဖို့ဆုံးဖြတ်လိုက်တာလဲ။" စောစောကလည်း ထိုမေးခွန်းကို Shen Xi မေးခဲ့သည်။ သို့သော် အေးတိအေးစက်နိုင်လွန်းလှသည့် Su Hang က သူမ အား ဘာအဖြေမှပြန်မပေးပေ။
"ငါ အချိန်အားနေလို့။" Su Hang ၏စကားက ဟိုမရောက်သည်မရောက်နှင့် ခန့်မှန်း၍မရသည့် အဖြေမျိုးဖြစ်သည်။
"ကျွန်မပြောနေတာ အဲ့ဒါမှမဟုတ်တာ။" ကားစတီယာရင်ကို ကိုင်ထားသည့်ထိုလူ၏လက်ကို Shen Xi ကြည့်လိုက်သည်။ ခပ်တင်းတင်းဆုပ်ကိုင်ထားခြင်းကြောင့် သူ၏လက်ဆစ်များပင် ဖြူနေပြီဖြစ်ကာ အကြောများထင်းနေသော်လည်း ခါတိုင်းကဲ့သို့ပင် မျက်နှာတည်နှင့်ရှိနေဆဲ ဖြစ်သည်။
"...." သူမ အား မည်သို့ ပြန်ဖြေရမည်ကို Su Hang မသိတော့၍ မကြားဟန်ဆောင်လိုက်တော့သည်။
သို့သော် ထိုအကြောင်းကိုတွေးလေလေ Su Hang ပိုဝမ်းနည်းသွားလေလေဖြစ်သည်။ သူတို့ကားလေးမှာ အဝေးပြေးလမ်းမပေါ်မှ လေဆိပ်ဧရိယာဝင်းအတွင်းသို့ ရောက်လာချိန်၌ မီးနီမိ၍ ဘရိတ်နင်းကာ ဖြည်းဖြည်းချင်းကားရပ်ရင်း Su Hang မေးတော့သည်။ "ငါက လိုက်ခွင့်မရှိဘူးလား။"
သူ၏စကားသံက ခါတိုင်းပြောနေကျလေသံဖြစ်သော်လည်း ထိုအထဲမှ ဝမ်းနည်းနေပုံကို Shen Xi မြင်နိုင်သည်။ သူပြောနေပုံက သူမ သည် ရိုးသားကြင်နာသည့် လူတစ်ယောက်အား အနိုင်ကျင့်နေသည်နှင့် တူတော့သည်။ အား... ဘာပဲဖြစ်ဖြစ်!
"ထားလိုက်တော့။ ရှင်လိုက်ချင်လည်း လိုက်ပေါ့။" နောက်ဆုံး၌ Shen Xi အလျှော့ပေးလိုက်တော့သည်။
YOU ARE READING
ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅
Romanceမူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) မူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) https://edi...