Unicode - ယောက္ခထီးကြီး၏ဒေါသ
* * *
Shen ပါးပါးက ဝိုင်ပုလင်းများ စုဆောင်းရသည်ကို ဝါသနာထုံသည့်အတွက် Su Hang ဝယ်လာသည့် လက်ဆောင်ပုံများထဲမှ နှစ် ၅၀ ကြာ သက်တမ်းရှိသည့် ဝိုင်ပုလင်းကို Shen Xi ရွေးယူလိုက်သည်။
Shen မားမား ၏ ကျန်းမာရေးချူချာကြောင်းကို Su Hang သိနေသည့်အတွက် အားဖြည့်ဓာတ်စာအမျိုးမျိုးကို ပြင်ဆင်ဝယ်ယူထားခဲ့သည်။ သို့သော် ထိုအားဆေးများကို Shen မားမားကုန်အောင် သောက်နိုင်မည်မဟုတ်ကြောင်း Shen Xi သိနေ၍ နောက်ဆုံး၌ ပန်းအလှထိုးထားသည့် ပိုးပဝါစတစ်ထည်ကိုသာ လက်ဆောင်အဖြစ် သူမ ရွေးလိုက်တော့သည်။
"ဒီနှစ်ခုပဲလား။" ထိုဝိုင်ပုလင်းနှင့် ပဝါစကိုကိုင်ရင်း Su Hang စိတ်ထဲ၌ အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားသည်။
"အင်း... ဟုတ်တယ်။" Shen Xi ခေါင်းညိတ်ပြသည်။
"ဒါလေးပဲဆိုရင် မနည်းလွန်းဘူးလား။ ကိုယ် အများကြီးဝယ်ထားပြီးပြီဆိုတော့ နည်းနည်းလောက် ထပ်ယူပါဦးလား။" သူဝယ်ယူထားခဲ့သည့် လက်ဆောင်များအားလုံးက တန်ဖိုးကြီးပစ္စည်းများသာ ဖြစ်သော်လည်း ယောက္ခမများနှင့် တွေ့ဆုံချိန်တိုင်း Su Hang စိတ်ထဲတွင် မဝံ့မရဲဖြစ်နေမှုများနှင့် သိမ်ငယ်စိတ်တို့က အမြဲခံစားနေရသည်။
"ဒီပစ္စည်းတွေအားလုံး မပေးဖြစ်မှာကို ရှင် စိုးရိမ်နေတာလား။" Shen Xi ဘာမှပင် ဆက်မပြောတတ်တော့။ "နောက်ကျရင် အပတ်တိုင်း ကျွန်မတို့ သွားလည်ကြမယ်လေ။ အဲ့ဒီအခါကျမှ ပေးကြတာပေါ့။"
"အပတ်တိုင်းလား။" Su Hang အနည်းငယ်မှင်သက်သွားသည်။
"ဘာလဲ၊ ရှင်က မသွားချင်လား။" Shen Xi မျက်ခုံးလေးပင့်ကာ လှမ်းရန်တွေ့သည်။
သူမ ပြောလာသမျှကို ကန့်ကွက်စကားမဆိုရဲသည့် Su Hang မှာ ပျာပျာသလဲခေါင်းခါလိုက်သည်။
"ဒီလိုမှပေါ့၊ အခု အိမ်ထဲဝင်ကြရအောင်။" ထို့နောက် Shen Xi ပြုံးကာ Su Hang နှင့်အတူ အိမ်ထဲဝင်လာတော့သည်။
Shen မားမားနှင့် ပါးပါးတို့တွင် တစ်ယောက်က သတင်းစာဖတ်နေပြီး ကျန်တစ်ယောက်က ပန်းသီးအခွံနွှာနေသည်။ သူမတို့နှစ်ယောက် အိမ်ထဲဝင်လာသည့်အခါ Su Hang နှင့် Shen Xi တို့ကို လှည့်ကြည့်လာသော်လည်း မည်သူကမှ ကြိုဆိုနှုတ်ဆက်စကား ပြောမလာကြပေ။
ŞİMDİ OKUDUĞUN
ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅
Romantizmမူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) မူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) https://edi...