အခန်း (၂၂)

5.7K 712 26
                                    

Unicode - နှစ်ယောက်အတူတွဲကခြင်း

* * *

ပွဲကျင်းပသည့် ခန်းမနေရာသို့ရောက်သည့်အခါ ဖွင့်ထားသည့်လေနွေးစက်များကြောင့် အပူချိန်က သိသိသာသာ မြင့်တက်သွားသည်။ တွဲထားသည့် သူမ လက်ကို Su Hang လွှတ်ကာ အနောက်သို့လျှောက်သွားပြီး Shen Xi ဝတ်ထားသည့် ကုတ်အင်္ကျီကို ချွတ်ပေးလိုက်သည်။ ထို့နောက် အနားတွင်ရပ်စောင့်နေသည့် စားပွဲထိုးတစ်ယောက်ထံ လှမ်းပေးလိုက်တော့သည်။

ဘေးပတ်ဝန်းကျင်ကို Shen Xi လှည့်ကြည့်လိုက်သည့်အခါ မြင်ဖူးသော်လည်း မရင်းနှီးသည့်မြင်ကွင်းဖြစ်သည်။ Su Hang အား အပြုံးဖြင့် စကားဆိုလိုက်သည်။

"သွားရအာင်။"

"အင်း" Su Hang လည်း ခေါင်းညိတ်ပြီးနောက် Shen Xi ၏လက်အား သူ၏ လက်မောင်းတွင် တွဲချိတ်လိုက်သည်။

ရှေ့သို့ခြေလှမ်းအနည်းငယ်ခန့် လျှောက်သွားသည့်အခါ လူအုပ်ကြီး၏ အဆုံးတစ်ဖက်တွင်ရပ်နေသည့် Shen ပါးပါးနှင့် Shen မားမားတို့နှစ်ယောက်ကို တွေ့တော့သည်။

"အဲ့နား သွားရအောင်။"

ခါတိုင်းကဲ့သို့ Shen Xi ဦးဆောင်ခေါ်ရာနောက်ကို Su Hang လိုက်သွားသည်။ တဖြည်းဖြည်းနှင့် Shen ဇနီးမောင်နှံတို့အနားရောက်လာသည့်အခါ သူတို့ကလည်း Shen Xi နှင့် Su Hang တို့ကို သတိပြုမိသွားကြသည်။ ထို့ကြောင့် နှစ်ယောက်သား ခြေလှမ်းအရှိန်ကိုမြှင့်ကာ ခပ်သွက်သွက်လေး လျှောက်သွားကြတော့သည်။

"ဖေဖေ၊ မေမေ။"

တွဲချိတ်ထားသည့် Su Hang လက်မောင်းမှ လက်တွဲဖြုတ်ကာ အရှေ့သို့တိုးသွားပြီး မိဘနှစ်ပါးအား နူးညံ့ချိုသာသည့်ချစ်ဖွယ်အပြုံးလေးနှင့်အတူ ဖက်လိုက်တော့သည်။

"ကလေးလေးလို လုပ်နေပြန်ပြီ။" သမီးဖြစ်သူလိုချင်သမျှ ရအောင်ဖြည့်ဆည်းပေးမည့် မျက်နှာအမူအရာဖြင့် Shen ပါးပါးကြည့်နေခြင်းဖြစ်သည်။

"သမီး ဒီနေ့ အရမ်းလှနေတာပဲ။" Shen မားမား လှမ်းပြောလာသည်။

Su Hang မှာ သူမတို့မိသားစု ပြန်လည်ဆုံစည်းသည့်မြင်ကွင်းကို ဘေးမှငေးရင်းသာ ကြည့်နေလေသည်။ ခဏကြာသည့်အခါမှသာ ရှေ့သို့တိုးသွားပြီး ယောက္ခမများအား နှုတ်ဆက်စကားဆိုတော့သည်။

ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅Where stories live. Discover now