အခန်း (၂၆)

5.7K 697 5
                                    

Unicode - Su Hang ၏ ဒိုင်ယာရီစာအုပ်

* * *

တောက်ပနေသည့် မနက်ခင်းတွင် ဂျင်ကို သစ်ရွက်လေးများ ကြွေကျနေသည့်လမ်းမထက်၌ ခွေးလေးတစ်ကောင်နှင့် လူနှစ်ယောက် ပြေးနေကြသည်။

"ရော့... ဒီမှာ"

Shen Xi ၏ နီမြန်းနေသည့် အသားအရည်ပေါ်မှ ချွေးစတို့ကိုမြင်ရသည့်အခါ အသင့်ယူလာသည့် ပဝါကို Su Hang လှမ်းပေးလိုက်သည်။

"ကျေးဇူးပါ။"

ထိုပဝါကို Shen Xi ယူလိုက်ကာ ချွေးစများကို သုတ်ပြီးနောက် Su Hang ထံ ပြန်ပေးလိုက်သည်။

သူမ ပေးလာသည့် ပုဝါစကို Su Hang လက်၌ပြန်ချည်ပြီးသည့်အခါ ရယ်သံခပ်တိုးတိုးတစ်ချက် ထွက်လာသည်။ သူနှင့်အတူ Shen Xi မနက်တိုင်း အပြေးလေ့ကျင့်ချိန်မှစ၍ ပဝါယူသည့်အလေ့အကျင့်ကို စတင်ခဲ့ခြင်းဖြစ်သည်။

"ရှင် ဘာတွေ သဘောကျနေတာလဲ။" Shen Xi ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ဟင်... ဘာကိုလဲ။" ထိုအခါမှ Su Hang သတိပြန်ဝင်လာသည်။

"ရှင် ဘာကိုကြည့်ပြီး ရယ်နေတာလဲလို့။" နောက်တစ်ခေါက် Shen Xi ထပ်မေးပြန်တော့သည်။

"ငါလား။" Su Hang ကြည့်ရသည်မှာ အနည်းငယ် အံ့ဩသွားပုံရသည်။ "ငါရယ်လိုက်လို့လား။"

"ဟွန်!"

သူ၏ ခပ်ကြောင်ကြောင်အမူအရာကို Shen Xi တွေ့သည့်အခါ ရယ်ချင်သွားသည်။ သို့သော် Su Hang အား ကျောခိုင်းကာ ရှေ့ဆက်ပြေးသွားတော့သည်။

"ဝုတ်!"

သူ၏မေကြီးမှာ အိမ်ရှိရာသို့ ပြန်ပြေးနေပြီဖြစ်ကြောင်း Chu Wu တွေ့သည့်အခါ သူ့အား အသင့်စောင့်နေပြီဖြစ်သည့် အမဲရိုးနှင့် အသားတုံးများကိုတွေးရင်း အဆက်မပြတ်ဟောင်သံလေးနှင့်အတူ ပြေးလွှားခုန်ပေါက်ကာ နောက်မှလိုက်သွားတော့သည်။

ကြည်နူးဖွယ်ရာကောင်းသည့် ထိုမြင်ကွင်းကိုတွေ့သည့်အချိန်၌ Su Hang ၏ နှုတ်ခမ်းထောင့်စွန်းတို့က မသိမသာကွေးတက်သွားသည်။

ကိုယ်တိုင် မသိလိုက်ပါဘဲ ပြုံးမိသွားခြင်းက ပျော်ရွှင်မှုဟု ဆိုလိုခြင်းလား။

ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅Wo Geschichten leben. Entdecke jetzt