အခန်းပို (၈) - The End 🎁🎁🎁

7.4K 641 20
                                    

Unicode

အိပ်မက်ကမ္ဘာ ပြီးဆုံးသွားသည့်အခါ ဘဝက ပုံမှန်အတိုင်း လည်ပတ်လာသည်။

* * *

အောက်တိုဘာလနှောင်းပိုင်း၏ ချမ်းအေးလှသည့် မနက်ခင်းတစ်ခုတွင် နက်ပြာရောင် နှစ်ယောက်အိပ်ခုတင်ကျယ်ကြီးပေါ်၌ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ပွေ့ဖက်ထားကြရင်း အိပ်ပျော်နေကြသည်။ ထိုအမျိုးသမီး၏ ဆံနွယ်စတို့က သူ့နံဘေးမှ အမျိုးသား၏မျက်နှာပေါ်တွင် ပြန့်ကျဲနေသည်။

မကြာခင်မှာပင် ထိုမျိုးသမီးက အိပ်ရာမှနိုးလာတော့မယောင် အနည်းငယ်လှုပ်ရှားလာသည်။ သူမ၏ ဆံနွယ်စများက ထိုလူ၏နှာတံပေါ်မှ ဖြတ်သွားသဖြင့် သူ့ကို နှိုးလိုက်သကဲ့သို့ဖြစ်သွားရသည်။

ထိုလူ မျက်လုံးဖွင့်လိုက်သည်နှင့်ချက်ချင်း သူ၏မျက်ဝန်းများတွင် ဝမ်းနည်းကြေကွဲမှုတို့က ဖြတ်ပြေးသွားပြီး နားကြည်းသည့်အပြုံးတို့ ဖြစ်ပေါ်လာသည်။ ထိုအရာက အိပ်မက်တစ်ခုသာဖြစ်သည်ကို သူအစောကြီးကတည်းပင် သိနှင့်ပြီးဖြစ်သည်။ သို့တိုင်အောင် ရင်ထဲမှ စိတ်ပျက်ဝမ်းနည်းမှုတို့ အနည်ထိုင်သွားရန် ကြိုးစားအချိန်ယူရပေဦးမည်။

ပုံမှန်လုပ်နေကျအတိုင်း Shen Xi ၏ခါးလေးကို ပွေ့ဖက်ထားသည့်လက်ကို ဖြည်းဖြည်းလေး လွှတ်လိုက်သည်။ တစ်စပ်တည်းမှာပင် သူ့ကိုယ်သူ လှောင်ရယ်ချင်လာရသည်။ သူမ အိပ်ပျော်သွားသည့်အချိန်တိုင်း ဆုံးရှုံးမည်ကို ကြောက်နေသကဲ့သို့ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လေ့ရှိပြီး သူမ မနိုးလာခင် တိတ်တဆိတ်ပြန်လွှတ်ပေးလေ့ ရှိသည်။ 

"ရှင့်မှာရှိသမျှ သတ္တိတွေအားလုံးကို ကွာရှင်းဖို့ထိ စုထားလိုက်ပြီးမှတော့ ဘာလို့အဲဒီသတ္တိတွေနဲ့ ရှေ့ကိုတစ်လှမ်း ဆက်မတိုးရတာလဲ။"

"ဘာလို့ ရှင်ကျွန်မကိုကြိုက်တယ်ဆိုတာ ဖွင့်မပြောခဲ့တာလဲ။"

"ကျွန်မငြင်းလိုက်မှာကို စိုးရိမ်နေတာလား၊ ဒါမှမဟုတ် ရှင့်ကို မငြင်းရက်နိုင်ဖြစ်သွားမှာ စိုးရိမ်တာလား။"

အိပ်မက်ထဲ၌ Shen Xi သူ့ကိုမေးခဲ့သမျှတို့က သူ၏ရင်အစုံကို လှုပ်ခတ်သွားစေသည်။ ဟုတ်သည်၊ သူမကိုကွာရှင်းရန် သူ ကြိုးစားခဲ့နေ သည်မဟုတ်ပါလား။ ထိုကိစ္စကို နှစ်ဝက်ကြာအောင်စဉ်းစားပြီးသည့်အခါ ရှိရှိသမျှ သတ္တိအားလုံးစုစည်း၍ ကွာရှင်းစာချုပ်လုပ်ပေးရန် လွန်ခဲ့သည့်အပတ်က Li QingYuan ကို ပြောခဲ့သည်။ ထိုစာချုပ်မှာ ယခုသူ၏ စာကြည့်ခန်းထဲတွင် ရှိနေသည်။ မနက်စာစားကြပြီးသည့်အခါ ထိုစာချုပ်ကို Shen Xi ထံပေးရန် သူစီစဉ်ထားခဲ့သည်။

ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅Where stories live. Discover now