Unicode
"ဒါဆိုရင် ရှင် ဒီနေ့နေ့လည်လောက် အချိန်အားမလား။ ကျွန်မ အမေ့ဆီသွားလည်ချင်တယ်။"
သူမတို့လက်ထပ်ပြီး နောက်တစ်နေ့ရောက်သည့်အခါ သူမ အမေဆေးရုံတင်လိုက်ရသည်ကို Shen Xi မှတ်မိသည်။
ထိုအချိန်က သူမနှင့်အတူ Su Hang လိုက်လာခဲ့သော်လည်း မိခင်ဖြစ်သူမှာ Su Hang အား အထင်လွဲနေသဖြင့် သူ့အား ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ပေ။ Su Hang သည် သမီးဖြစ်သူအား ငွေဖြင့်အကြပ်ကိုင်ကာ လက်ထပ်ရန်ဖိအားပေးခဲ့သည်ဟု Shen မားမား တွေးနေခဲ့ခြင်းဖြစ်သည်။
ထိုနေ့က Su Hang ၏အမူအရာနှင့် အပြုအမူများကို သူမ ကောင်းကောင်းမမှတ်မိပေ။ ထိုစဉ်က သူ့အပေါ်ထားရှိသည့် သူမ၏သဘောထားမှာလည်း Shen မားမားနှင့်အတူတူပင်ဖြစ်သည်။
Su Hang ၏ လက်ထပ်ရန်ကမ်းလှမ်းချက်ကို သူမ ကိုယ်တိုင် သဘောတူလက်ခံခဲ့ခြင်းဖြစ်သော်လည်း သူမတို့၏ မင်္ဂလာပွဲမှာ နှစ်ဦးနှစ်ဖက် မေတ္တာရှိခြင်းကြောင့် အထမြောက်ခဲ့ရခြင်းမဟုတ်။ ထို့ကြောင့် သူမ၏ ခံစားချက်နှင့် အတွေးများကို နေသားတကျဖြစ်အောင် ကြိုးစားချိန်ဖြစ်၍ Su Hang ၏ စိတ်ခံစားချက်များအား ဂရုမစိုက်မိခဲ့ခြင်းဖြစ်သည်။
"Mrs. Shen က ဘာဖြစ်လို့လဲ။"
Su Hang စိုးရိမ်စွာဖြင့် လှမ်းမေးလိုက်သည်။
"အော်... အမေ့ရဲ့ ရောဂါဟောင်းပြန်ထလာလို့ပါ၊ ဆေးရုံမှာ အချိန်ခဏလောက် အနားပြန်ယူလိုက်ရင် ရပါတယ်။ ပြီးတော့ ကျွန်မလည်း အမေ့ကိုတွေ့ချင်နေလို့ပါ။"
"ဒါဆိုလည်း လက်ဆောင်တွေ ငါပြင်ဆင်ထားလိုက်မယ်။'
ဟုပြောပြီးသည်နှင့်ချက်ချင်း ဖုန်းခေါ်ရန် လုပ်တော့သည်။
"နေပါစေ၊ ဒီလောက်အထိလုပ်ဖို့ မလိုပါဘူး။"
"ကျွန်မအမေက ပန်းကြိုက်တတ်တော့ ဆေးရုံသွားရင်းနဲ့ ပန်းဆိုင်တစ်ဆိုင်မှာ ကားရပ်ပြီး ပန်းစည်းတစ်ခု ဝယ်လိုက်ရင်ရပါတယ်။"
"ကောင်းပြီလေ။"
Su Hang အနေဖြင့် အနည်းငယ် တွေဝေနေသေးသော်လည်း သူမ ပြောသည်ကို သဘောတူလိုက်သည်။
YOU ARE READING
ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅
Romanceမူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) မူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) https://edi...