Unicode - Su မိသားစုဝင်များ၏ သဘောထားအမှန်
* * *
Su မိသားစု၏ နှစ်သစ်ညစာစားပွဲ ကျင်းပသည့်နေ့ဖြစ်သည်။
Shen မားမားနှင့် Shen ပါးပါးတို့ရောက်လာကြသည့်အခါ ထိုနေရာ၌ ပွဲလာပရိတ်သတ် အတော်များများပင် ရောက်နေကြပြီဖြစ်သည်။ Shen ဇနီးမောင်နှံကို Liu Fang နှင့် Su BoNian တို့နှစ်ယောက်က တံခါးဝ၌ ကိုယ်တိုင်ထွက်ကြိုကာ ဧည့်ခံကြခြင်းပင် ဖြစ်သည်။ သူတို့နှစ်ယောက်အား အရေးကြီးပုဂ္ဂိုလ်များအဖြစ် အရေးတယူဆက်ဆံနေပုံကို လူအများမြင်အောင် တမင်လုပ်ပြနေခြင်းဖြစ်သည်။
အခြားဧည့်သည်များကို Shen မားမား လှမ်းကြည့်လိုက်သည့်အခါ အချို့ဧည့်သည်များကို မျက်မှန်းတန်းမိနေသော်လည်း ထိုသူများနှင့် တစ်ခါမျှပင် စကားစမြည်ပြောဆိုခဲ့ဖူးခြင်း မရှိပေ။
ထို့နောက် သူမ ရှိရာသို့ လှည့်ကြည့်လာသည့် ဧည့်သည်တစ်ယောက်ကို ခေါင်းညိတ်ပြပြီးနောက် Shen ပါးပါးနှင့်အတူ ထောင့်ကျကျနေရာနားတွင်ထိုင်ရင်း ပွဲမြန်မြန်ပြီးမည့်အချိန်ကိုသာ စောင့်နေလိုက်သည်။ ဤနေရာ၌ မည်သူတစ်ဦးတစ်ယောက်ကိုမှ သူမ တို့ဘက်မှစ၍ သွားနှုတ်ဆက်စရာအကြောင်းမရှိပေ။
Liu Fang နှင့် Su BoNian တို့မှာ တခါးဝ၌ရပ်စောင့်ကာ ဧည့်သည်များကို ကြိုဆိုနှုတ်ဆက်နေကြသည်၊ သို့သော် ခဏကြာသည့်အခါ တမင်တကာ ရည်ရွယ်ချက်ချက်နှင့်လားတော့ မပြောတတ်၊ Shen ဇနီးမောင်နှံနှင့် ဆွေးနွေးစကားပြောရန် စီးပွားရေးလုပ်ငန်းရှင်တစ်ချို့ကို သူတို့နှင့်အတူခေါ်လာတော့သည်။
Shen ပါးပါးနှင့် Shen မားမားတို့နှစ်ယောက်စလုံးမှာ လူယဉ်ကျေးများ၊ လူကြီးလူကောင်းများဖြစ်နေသည့်အတွက် မချစ်သော်လည်း အောင့်ကာနမ်း ဟု ဆိုသကဲ့သို့ စိတ်ထဲမှ မပါသည့်တိုင်အောင် အပေါ်ယံတွင် ဟန်ဆောင်ဆက်ဆံပြရသည်။ Shen ပါးပါး ကမူ ယခုလက်ရှိ စီးပွားရေးအခြေအနေကြောင်းကို ဆွေးနွေးပြောပြချိန်၌ Shen မားမား ကလည်း သူမ ဥယျာဉ်ခြံစိုက်ပျိုးသည့်အကြောင်းကို ပြောတော့သည်။
နှစ်ယောက်လုံးက စကားဝိုင်းတွင် ပြောဆိုနေသည့်တိုင် အမှန်အားဖြင့် အနှစ်ရှိလှသည့် စကားမျိုးပြောနေခြင်း မဟုတ်ပေ။ သို့ဖြစ်နေသည့်တိုင်အောင် Su BoNian နှင့် Liu Fang တို့အတွက်မူ ဘာပြဿနာမှမရှိ။ ပွဲလာပရိသတ်များကို သူတို့သိစေချင်နေသည်က Shen အုပ်စုနှင့် သူမတို့ မိသားစု ပတ်သက်ဆက်စပ်မှုရှိကြောင်း ပြလိုခြင်းဖြစ်သည်။
YOU ARE READING
ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅
Romanceမူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) မူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) https://edi...