Unicode
* * *
ဒုတိယထပ်မှ အခန်းလွတ်တစ်ခုထဲတွင် ဖြစ်သည်။အလယ်တွင်မတ်တတ်ရပ်နေသည့် Shen Xi ၏ ပတ်ပတ်လည်၌ မင်္ဂလာလက်ဖွဲ့များရှိနေပြီး များလွန်းလှသည့် လက်ဖွဲ့ ပစ္စည်းများကိုကြည့်ကာ သူမ ဝမ်းသာသွားတော့သည်။
"ကျွန်မတို့လက်ဖွဲ့တွေ အများကြီး ရတာပဲ။"
Su Hang တစ်ယောက် တံခါးအနောက်မှီကာရပ်ရင်း အခန်းထဲမှ လက်ဖွဲ့ပစ္စည်းများကို ကြည့်လိုက်သည်။ ပြုံးရွှင်နေသည့် Shen Xi မျက်နှာလေးကို မြင်သည့်အခါ သူ အံဩသွားပြီး
"ဒါတွေကို ကြိုက်လား။"
"ဒါပေါ့၊ ဒီလက်ဆောင်တွေ အားလုံးကို ကျွန်မကြိုက်တယ်။ ဘယ်သူမဆို လက်ဆောင်ရတာပျော်တာပေါ့။"
ဟုပြောပြီး Shen Xi ပြုံးလိုက်သည်။ သူမ စကားကိုကြားသည့်အခါ အနည်းငယ်တင်းမာနေသယောင်ထင်ရသည့် Su Hang ၏ မျက်နှာက တဖြည်းဖြည်း ပြေလျော့သွားသည်။
ဤ မင်္ဂလာလက်ဖွဲ့ ပစ္စည်းများ အခန်းထဲ၌ရှိနေသည်မှာ တစ်ပတ်နီးပါးပင် ရှိတော့မည်ဖြစ်သည်။ Su Hang ၌ အပေါင်းအသင်းမိတ်ဆွေ များများစားစားမရှိ၍ လက်ဆောင်အများစုမှာ Shen မိသားစုဝင်များနှင့် Shen Xi သူငယ်ချင်းများထံမှပင်ဖြစ်သည်။ သို့သော် သူတို့ လက်ထပ်ပြီးချိန်မှစ၍ ဤပစ္စည်းများအကြောင်းကို သူမ တစ်ခါမျှ မမေးခဲ့ပေ။
ထို့ကြောင့် သူတို့လက်ထပ်ပွဲကို Shen Xi မကြည်ဖြူသည့်အတွက် ထိုပွဲမှရလာသည့် လက်ဖွဲ့များကိုလည်း လုံးဝ ဂရုမစိုက်ခြင်းဖြစ်မည်ဟုသာ Su Hang ထင်ခဲ့သည်။ ယခု ဤလက်ဆောင်များကို သဘောကျနှစ်သက်ကြောင်း သူမ ရုတ်တရက်ပြောလာသည့်အခါ လက်ထပ်ပွဲအပေါ်ထားရှိသည့် သူမ၏သဘောထားမှာ သူထင်နေသကဲ့သို့ ခါးခါးသီးသီးရှိနေခြင်းမျိုးမဟုတ်မှန်း Su Hang နားလည်သွားတော့သည်။
"နာမည်မရေးထားတဲ့ လက်ဆောင်တွေက အတော်များနေတာဆိုတော့ ဒါတွေကို ဖောက်ပြီးတော့မှပဲ ဘယ်သူဘယ်ဝါ ပေးတယ်ဆိုတာ သိနိုင်တော့မယ်ထင်တယ်။"
ဘေးနားမှ လက်ဆောင်ဘူးများကို Shen Xi ကောက်ယူကြည့်ရင်း ပြောလိုက်သည်။
YOU ARE READING
ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅
Romanceမူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) မူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) https://edi...