Unicode
Shen မိသားစု၏ သာယာချမ်းမြေ့လှသည့် ကိုယ်ပိုင်ကမ္ဘာလေးမှ သမီးဖြစ်သူအား အတင်းအကျပ်ခေါ်ဆောင်သွားသည့် Su Hang အား သူမ ရင်ထဲ၌ နာကျည်းနေမိသည်။
သို့သော် ခင်ပွန်းသည်နှင့် သမီးဖြစ်သူအား ဒုက္ခတွင်းထဲရောက်အောင် လုပ်ခဲ့သည့် အဓိက တရားခံမှာ မိမိကိုယ်တိုင်ဖြစ်သည်ကို Shen မားမား သိသည်။ ထို့ကြောင့် ကိုယ့်ကိုယ်လည်း အပြစ်တင်၍မဆုံးတော့ပေ။
Su Hang ၏ လုပ်ရပ်မှာ မမှားသည်ကြောင်းကို သိသော်လည်း လက်ထပ်ပွဲကိစ္စကြောင့် သူ့အပေါ်တွင် အမြင်မကြည်နိုင် ဖြစ်ခဲ့ရသည်။ သူ့အား အကောင်းမြင်ရန် မည်သို့ပင်ကြိုးစားကြိုးစား ထိုအတွေးက လုံး၀ဖျောက်၍မရပေ။
အနာဂတ် သားမက်လောင်းနှင့် ပတ်သက်လာလျှင် Shen မားမား စိတ်ထဲ၌ ယခင်ကတည်းကပင် စဉ်းစားထားပြီးသား ဖြစ်သည်။
တစ်ဖက်မိသားစု အသိုင်းအ၀ိုင်းမှာ ငွေကြေးဥစ္စာ ချမ်းချမ်းသာသာ ရှိနေစရာမလိုဘဲ လူလိမ္မာ၊ ပညာတတ်အသိုင်းအ၀ိုင်းမှ ဖြစ်လျှင် လုံလောက်ပြီဟု သူမ မျှော်လင့်ထားခဲ့သည်။
Shen Xi နှင့် ခံယူချက်တူသူ၊ ယုံကြည်ချက်တူသူဖြစ်ကာ တစ်ယောက်အတွက် တစ်ယောက် အထောက်အပံ့ကောင်းများဖြစ်ရမည်။ အချင်းချင်းဖေးမ ကူညီနိုင်သူဖြစ်ရမည်။
အရေးကြီးဆုံးအချက်မှာ သမီးလေးနှင့် အပြန်အလှန် မေတ္တာမျှနေသူဖြစ်ကာ Shen Xi အား ချစ်ခင်မြတ်နိုးသူ ဖြစ်ရမည်။ ထို့ပြင်...
သို့သော် Su Hang မှာ သူမ မျှော်လင့်ထားသည်နှင့် လုံးလုံးကြီးဆန့်ကျင်ဘက် ဖြစ်နေကာ သူမ သတ်မှတ်ထားသည့် စံနှင့် လုံး၀ ချွတ်ချော်နေသည်။
Su Hang မှာ ငယ်စဉ်က မိဘမဲ့ကျောင်း၌ ကြီးပြင်းလာရသူဖြစ်ပြီး အမှိုက်ပုံးထဲမှ ရှာဖွေစားသောက်ကာ အသက်ဆက်ခဲ့ရသူဖြစ်သည်။ Su Hang ၏ပညာအရည်အချင်း အကြောင်းကိုပြောရလျှင် အသက် (၁၈)နှစ်ရောက်မှသာ အခြေခံကျောင်းပညာအဆင့်ကို သင်ယူခွင့်ရခဲ့ခြင်းဖြစ်သည်။
Su Hang မှာ ယခုအချိန်၌ အောင်မြင်ကျော်ကြားသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်နေသော်လည်း သူ ရှင်သန်ကြီးပြင်း ဖြတ်သန်းလာခဲ့ရသည့် ဘ၀ပေးအခြေအနေကို Shen Xi နှင့် နှိုင်းယှဉ်ကြည့်လိုက်သည့်အခါ မည်သည့်ဘက်မှကြည့်ကြည့် အကွာကြီးကွာနေလေသည်။
"'ဒီလက်ဆောင်လေးကို Shen Xi ကိုယ်တိုင်ရွေးပေးထားတာပါ။ သူ ပြောတာက... "
YOU ARE READING
ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅
Romanceမူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) မူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) https://edi...