အခန်းပို (၅) 🎁🎁🎁

3.8K 430 12
                                    

Unicode

***

ကွာရှင်းရန်ပြင်နေသည့် Su Hang က လက်ထပ်ထားသည့်  Su Hang ၏ ကိုယ်ထဲသို့ဝင်ရောက်သွားခြင်း (၂)

Su Hang တစ်ယောက် သူ၏ထမင်းစားတူဖြင့် ဖက်ထုပ်တစ်ခုနှိုက်ရင်းနှင့် သူ့အရှေ့မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် လူသုံးယောက်ကို မျက်တောင်မခတ်တမ်းကြည့်နေမိသည်။

ကိုယ်ဝန်အရင့်အမာနှင့် ဖြစ်နေကာ မျက်နှာပေါ်တွင် နူးညံ့ကြင်နာသည့်အပြုံးတို့ ရှိနေသည့် Shen Xi နှင့် သူမ၏ဘေး တစ်ဖက်တစ်ချက်တွင် ထိုင်နေသည့် အမြွှာပူးကောင်လေးနှစ်ယောက်တို့ဆီ Su Hang အကြည့်ရောက်နေခြင်းဖြစ်သည်။

ZuoZuo ဟုခေါ်သည့် အကြီးကောင်လေးမှာ ကြက်သွန်မြိတ်စားရသည်ကို ကြိုက်ပုံမပေါ်ပေ။ ကြက်သွန်မြိတ်တစ်ခုစားမိတိုင်း သူ၏ မျက်နှာသေးသေးလေးက ရှုံ့မဲ့သွားရပြီး Shen Xi ၏ အကြည့်ကြောင့်သာ ဆက်မျိုချခြင်းဖြစ်သည်။ ကျန်ကလေး YouYou ကမူ ချေးမများဘဲ အကုန်စားသည်၊ သို့သော် ချွဲရသည်ကို ကြိုက်သည်။ ဖက်ထုပ်နှစ်ကိုက် ကိုက်ပြီးတိုင်း Shen Xi ထံသို့လှည့်ကာ သူ့ကိုချီးကျူးရန် အချက်ပြလေသည်။

ထိုအမြွှာနှစ်ယောက်ကို Su Hang မည်သို့ခွဲနိုင်နေသည်ကို လာမမေးကြပါနှင့်။ သူကိုယ်တိုင်လည်း ထိုသို့သိနေသည်ကို အံ့ဩနေရသည်။

ဤရက်ပိုင်းအတွင်း၌ Shen Xi တစ်ယောက်တည်းကသာ အမြွှာလေးများကို ကိုယ်တိုင် ထိန်းနေခဲ့ရခြင်းဖြစ်သည်။ သူမ တွင်လည်း ထိုသို့လုပ်မှဖြစ်မည့် အခြေအနေသို့ရောက်သွား၍ ဖြစ်သည်။  Su Hang နှင့် သူ၏သားများအကြားတွင် ဆက်ဆံရေးဆိုးရွားအောင် လုပ်ခဲ့သူကမည်သူနည်း။

ကလေးနှစ်ယောက်လုံး မနက်စာကုန်အောင်စားရန် Shen Xi အချိန်အတန်ကြာအောင် အာရုံစိုက်လိုက်ရသည်။ ထို့နောက် စားပွဲရှေ့သို့လှည့်ကြည့်လိုက်ချိန်၌ Su Hang က ငူငူငေါင်ငေါင်ကြီးဖြစ်နေပြီး သူ၏ပန်းကန်ထဲမှ ဖက်ထုပ်တို့မှာ အေးစက်နေပြီဖြစ်သည်။ "ရှင်ဘာလို့ မစားသေးတာလဲ။"

"ဟင်... အာ" Shen Xi ၏ မေးခွန်ကိုကြားသည့်အခါ ဖက်ထုပ်အချို့ကို Su Hang အလျင်စလိုမျိုချလိုက်သည်။

ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅Where stories live. Discover now