Unicode - Su Hang ၏ ကလဲ့စား
* * *
Su ကုမ္ပဏီ အဆောက်အအုံတွင်ဖြစ်သည်။
မနက် ၁၀ နာရီထိုးသည့်အချိန်၌ အလုပ်ထဲသို့အာရုံနှစ်ထားသည့် Su Hang တစ်ယောက် တံခါးလာခေါက်သံကြားရတော့သည်။
"ဝင်ခဲ့။"
အခန်းတံခါးတွန်းဖွင့်ကာ Fang Yu အထဲဝင်လာသည်။ Su Hang စားပွဲနားသို့ လျှောက်သွားကာ သူ့အရှေ့မှ ဖိုင်တွဲများကို Su Hang လတ်မှတ်ထိုးပြီးသည့်အချိန်အထိ ငြိမ်သက်စွာ ရပ်စောင့်နေလိုက်သည်။
"ဘောစ့်၊ မနေ့က ကျွန်တော့ကို ခိုင်းထားတဲ့ လူအကြောင်း စုံစမ်းလို့ရပါပြီ။"
ဟုပြောကာ ယူလာသည့် အစီရင်ခံစာမှတ်တမ်းကို သူ့ထံပေးလိုက်သည်။
"အဲ့ဒီနှစ်ယောက်ထဲက တစ်ယောက်က Zhang TingTing ၊ S မြို့က ဒုတိယမြို့တော်ဝန်ရဲ့ အငယ်ဆုံးသမီး။ နောက်တစ်ယောက်ကတော့ Wang Xin ၊ WS အိမ်ခြံမြေလုပ်ငန်းစုပိုင်ရှင်ရဲ့ သမီး။"
"WS အိမ်ခြံမြေလုပ်ငန်းစုလား။" Su Hang မျက်မှောင်ကြုတ်ကာ "အဲ့ဒီ WS က ဘာလဲ။"
"WS အိမ်ခြံမြေလုပ်ငန်းစုက ပြီးခဲ့တဲ့ နှစ်နှစ်ကမှ စထောင်ထားတဲ့ ကုမ္ပဏီပါ။ အစတုန်းက အဲ့ဒီအဖွဲ့က အသေးစားဆောက်လုပ်ရေး လုပ်ငန်းပဲဖြစ်လို့ Wang Xin က ကြယ်တာရာ မိတ်ဆုံစားပွဲကိုတက်ဖို့ သတ်မှတ်ချက်အရည်အချင်း မပြည့်စုံပါဘူး။
ဒါပေမဲ့ သူက အကပ်တော်၊ အဖားတော်ပြီး မြှောက်ပြောတတ်တဲ့အပြင် Zhang TingTing ရဲ့ ကျောင်းနေဖက်သူငယ်ချင်းလည်း ဖြစ်နေတယ်။ ကြည့်ရတာ အဲ့ဒီပွဲကို Zhang TingTing လည်း သွားတက်မှာသိတော့ သူ့ကိုပါ အတူခေါ်သွားဖို့ အပူကပ်ခဲ့တာထင်တယ်။" Fang Yu ရှင်းပြသည်။
Su Hang စားပွဲခုံကိုလက်ဖြင့်ခေါက်ရင်း မျက်လုံးများက ရှေ့မှမှတ်တမ်းဆီသို့ အကြည့်ရောက်နေသည်။ ထိုမိန်းကလေး၏ဓာတ်ပုံအား အခေါက်ခေါက်အခါခါကြည့်ကာ
"WS အိမ်ခြံမြေလုပ်ငန်းအခြေအနေကရော ဘယ်လိုလဲ။"
"ကုမ္ပဏီက သက်တမ်းနုသေးတော့ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ စီမံအုပ်ချုပ်ပုံတွေက ဒီလောက်အထိအားမကောင်းသေးဘူး။" ဟု Fang Yu ပြောကာ
YOU ARE READING
ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅
Romanceမူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) မူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) https://edi...